Part 15(ငါ ဝေ့ဝူရှန့်က ခွေးမကြောက်ဘူး)

236 27 2
                                    

ဝေ့ဝူရှန့်သည် အနည်းငယ် ထိတ်လန့်သွားပေသည်။ ဒီချာတိတ်က သူ့ကိုသိသွားတာလား။
ဝေ့ဝူရှန့်က မသိလိုက်ဘာသာဖြင့် အမူအရာမပျက်စကားဆိုလေသည်။

"ဘာလို့လဲ တစ်မိုးအောက် ဟန်ကွမ်းကျွင်း ကြီးက ငါ့လို ေလလွင့်သိုင်းသမားတစ်ယောက်ကို လက်ဆောင်ဝယ်ပေးတယ်ဆိုလို့ မနာလိုဖြစ်နေတာလား?'

ထိုအချိန်တွင်ကမမ်းကတမ်းရောက်လာသည့် system ရဲ့ သတိပေးသံစွာစွာက ထွက်ပေါ်လာလေသည်။

"လူကြီးမင်း...ဒါက ကျန်းမိန်းကလေးက မွေးတဲ့သားပါ....'

(အော်....ဒီလောက်ဘဝင်မြင့်နေတာ သူ့ဦးလေးနဲ့တူနေတာပဲ...ရပြီ...ရပြီ ထင်တော့ထင်သားပဲ.... ကျင်းလင်မလား...)

"မှန်ပါတယ်....လူကြီးမင်းရဲ့ ခန္ဓာကို ဆက်လက်ထိန်းသိမ်းပါ...'

(ဘာတွေ နမိန်မရှိတာတွေ ပြောနေတာလဲ ငါက သေတော့မှာကျနေရော...)

System လေးက မျက်ဆံလှန်လိုက်မိပြီးမှ ပြောဖြစ်အောင် ပြောလိုက်ရသေးသည်။

"မပြောလို့ မဖြစ်ပါဘူး....မူလဝေ့ဝူရှန့်ရဲ့ စရိုက်နဲ့ လုံးဝ ကွဲလွဲခွင့်မရှိပါဘူး....ကျင်းသခင်လေးကို ဝေ့ဝူရှန့် က တူလေးအရင်းလို သဘောထားတာမို့ သူ့ဗီဇလဲ မပေါ်အောင် ကလေးကိုပါ စေတနာထားပေးရပါ့မယ်...'

ဝေ့ဝူရှန့်က ပြန်ပြောလိုက်သည်။

(နေဦး....ငါက အမှတ်ဘယ်လောက်ထိ ရမှ ဝေ့ဝူရှန့် ခန္ဓာကို ထိန်းချုပ်ခွင့်ရမှာလဲ)

"မူလအမှတ်ထက် ၅မှတ်ပိုရမှ ဝေ့ဝူရှန့် ခန္ဓာကို အပိုင်ရမှာ ဖြစ်ပါတယ်....ဒါကြောင့် ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ သတိပေးတာပါ...'

(ရ​ြပီ ရ​ြပီ သွားတော့ ....)

ကျင်းလင်ကလေးသည် ဝေ့ဝူရှန့် အား ခြေဆုံးခေါင်းဆုံး သေချာကြည့်ပြီးမှ နှာခေါင်းရှုံ့လေသည်။

"ဟန်ကွမ်းကျွင်း က ခင်ဗျားလိုလူကို ဘေးနားခေါ်ထားတာ အံ့သြမိပါရဲ့....ဒီအကျည်းတန်တဲ့ မျက်နှာဖုံးကရော...ဘာလဲ....ချွတ်ထားစမ်းပါ...'

ဝေ့ဝူရှန့်က နှုတ်ခမ်းကို တမင်တကာ အမြင်ကပ်စရာ ထော်ပစ်လိုက်ပြီးမှ တစ်ခုခုပြောရန်ပြင်လေသည်။ သို့သော်ငြား ကျင်းရိကသာ တတ်တတ်နှင့် ရန်ထောင်ပြန်၏။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now