Part 31(ကျိမ်စာအမှတ်ဖယ်တာ ပေါင်ပေါ်အောင်လှန်စရာလိုလို့လား?)

126 13 0
                                    

ဝေ့ဝူရှန့် အလျှင်အမြန်တားလိုက်သည်။

"မလိုဘူး...''

လန်ဝမ့်ကျီး - ''လိုတယ်...''

ဝေ့ဝူရှန့်က လန်ကျန့်ကို မျက်စောင်းထိုးကြည့်သည်။ လန်ဝမ့်ကျီးက ရုပ်တည်ဖြင့်...

"မင်းက သေရည်ကြိုက်တာမဟုတ်ဘူးလား?''

"အဲ့တာက အရင်ကပါ...''

တည်းခိုခန်းပိုင်ရှင်က ေနာက်တစ်ကြိမ်မေးပြန်သည်။

"သခင်လေးတို့ ဘာများသုံးဆောင်မှာပါလဲခင်ဗျ...''

ဝေ့ဝူရှန့် - ''လက်ဖက်ရည်''

လန်ကျန့် - ''သေရည်...''

တည်းခိုခန်းပိုင်ရှင် - ''....''

System - "သူငယ်ချင်းဆီမှ သံသယဝင်ပါက ရရှိပြီး ရှင်သန်နှစ် ၂နှစ်အား ပြန်သိမ်းပါ့မယ်ခင်ဗျ....အရေးပေါ်အခြေအနေအတွက် ခန္ဓာထိန်းချုပ်ခွင့် ၁၅မှတ်နှင့် လဲလှယ်ကာ အသက်ကိုကယ်တင်နိုင်ပါတယ်...''

ထိုသို့ ကပေါက်တိ ကပေါက်ရှာအခြေအနေအလယ် system က တရားသူကြီးမင်းဝင်လုပ်ကာ ဖြန်ဖြေလိုက်သည်မို့ ဝေ့ဝူရှန့် အတော်လေး စိတ်ညစ်သွားသည်။ ဟုတ်သည်။ ဒါက ဝမ်းသာစရာကိစ္စမဟုတ်။ သူက စိတ်ညစ်ညစ်နှင့်ပင် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

ဝေ့ဝူရှန့် - ''သေရည်ယူမယ်...''

စိတ်ပဲထင်လို့လား မသိ။ လန်ကျန့်၏ မျက်နှာက နူးညံသွားသယောင်ရှိသည်။ ထို့နောက် ဝေ့ဝူရှန့်က အခွင့်အရေးယူကာ အခန်းထဲသို့ ထော့ကျိုးထော့ကျိုးဖြင့် လှမ်းဝင်သည့်အခါ လန်ဝမ်ကျီး၏ ဆွဲဖက်ခြင်း ခံလိုက်ရပြန်သည်။ လန်ဝမ့်ကျီးက ဝေ့ဝူရှန့်၏ လက်တစ်ဖက်ကို သူ့ပုခုံးအား ဖက်စေပြီး သူက ဝေ့ဝူရှန့်၏ ခါးကို လက်တစ်ဖက်ဖြင့် သိုင်းဖက်လိုက်လေသည်။

တည်းခိုးခန်းပိုင်ရှင် - ''.....???.....ကျွန် ကျွန်တော် လဲပေးပါ့မယ်ခင်ဗျ...''

လန်ဝမ့်ကျီးက ''အွန်း'' သံပြုကာ ဝေ့ဝူရှန့်ကိုဖက်ရင်း အခန်းထဲဝင်လိုက်လေသည်။ အခန်းထဲရောက်သည်နှင့် လန်ဝမ့်ကျီးက ဝေ့ဝူရှန့်ကို ကုလားထိုင်ပေါ်ထိုင်စေပြီး ဝတ်ရုံကိုဆွဲလှန်သည်။ ဝေ့ဝူရှန့်အလန့်တကြားတားရန်ပြင်ခိုက်မှာပင် သေရည်အိုးကိုင်လာသည့် တည်းခိုခန်းပိုင်ရှင်က မျက်နှာရဲရဲကလေးဖြင့် အခန်းတံခါးဝ၌ ရပ်နေကြောင်းတွေ့လိုက်ရသည်။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now