Part 35 (ရှင်းလုတောင်သို့ နောက်တစ်ကြိမ်)

105 10 0
                                    

အခန်းတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေလျှက်။ လန်ဝမ့်ကျီးသည် စာပွဲရှေ့၌ထိုင်နေရင်း တစ်စုံတစ်ရာကို လေးလေးနက်နက်စဥ်းစားနေခဲ့ပြီး ဝေ့ဝူရှန့်သည်လည်း အရက်အိုးကို လှုပ်ယမ်းနေရင်း အတွေးလွင့်နေပေ၏။ ထို့နောက်ဝေ့ဝူရှန့်ပြောလာတော့သည်။

"လန်ကျန့်...ငါမရှိတဲ့ အဲ့ဒီနှစ်တွေမှာ ဘာတွေဖြစ်ခဲ့လဲ ငါမသိဘူး...''

သူက လန့်ဝမ့်ကျီးရှိရာသို့ လှည့်ကြည့်ကာ စကားဆက်သည်။

"ငါ ကျားနက်အဆောင်ကို သေချာပေါက်ဖျက်ဆီးခဲ့ပေမယ့် ...''

သူက သူ့ခြေထောက်သူ အမှုအမှတ်မဲ့ကြည့်လိုက်ကာ ဆိုသည်။

"ကျင်းလင်ကိုယ်ပေါ်က အဲ့အမှတ်အသား...ဘာလို့ ကျားနက်အဆောင်နဲ့ဆက်နွယ်နေတယ်လို့ ထင်ရပါလိမ့်...''

လန်ဝမ့်ကျီး မေးလာသည်။

"ဘယ်လိုနေသေးလဲ?''

ဝေ့ဝူရှန့် ခေါင်းခါလိုက်သည်။

"ဘာမှမဖြစ်ဘူး နည်းနည်းပဲ ကျန်တော့တာ...''

"နည်းနည်းဆိုတာ ဘယ်လိုနည်းနည်းလဲ?''

အဆုံး၌မူ အမှုမဲ့အမှတ်မဲ့ ပြောဆိုနေသည့် ဝေ့ဝူရှန့်တစ်ယောက် အနည်းငယ် စိတ်မရှည်ဖြစ်လာတော့သည်။

"လန်ကျန့်!...မင်း...နေပါဦး ခုချိန်မှာ ဘာက အရေးကြီးနေတာလဲ? နည်းနည်းဆိုမှ နည်းနည်းပေါ့ ငါ့ကို မနေ့ကလိုတော့ ထပ်လှန်ဖို့စဥ်းစားမနေဘူးမလား?''

လန်ဝမ့်ကျီး၏ နှာခေါင်းထိပ်နှင့် နားဖျားများ ရုတ်တရက်ရဲတက်လာပြီး ငြိမ်ကျသွားပေသည်။ ဘာစကားမှ မပြောတော့။ ဝေ့ဝူရှန့်က သူမေးချင်တာကို ဆက်မေးလိုက်သည်။

"ငါ အရင်ကထင်ခဲ့တာ မှော်နက်တံဆိပ်ပြားရဲ့ အပိုင်းအစကွဲက ၄ခုတယ်လို့ မထင်မှတ်ပဲ ၅ခုှရှိနေခဲ့တာလား? လန်ကျန့်! ညတုန်းက ဟိုအမှတ်အသားကြောင့် လှုပ်ရှားလာတဲ့ တစ်ပိုင်းက ဘယ်ကရတာလဲ ?''

နှာခေါင်းများရဲနေသည့် လန်ဝမ့်ကျီးသည် အလုပ်အကြောင်း စကားစလိုက်သည်နှင့် ပုံမှန်ပြန်ဖြစ်သွားပြန်ကာ ပြောလာတော့သည်။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now