Part 34(အမှန်တရား 2)

106 11 0
                                    

နျဲ့ဟိုက်စန်း သည် လန်ဝမ့်ကျီးအား မျက်နှာငယ်လေးနှင့်ကြည့်လာသည်။ သူက အထစ်ထစ်နှင့်ဆို၏။

"ဟန်... ဟန်ကွမ်းကျွင်း... အဲတာက မင်းတို့ထင်နေသလိုမဟုတ်ပါဘူး...''

ဝေ့ဝူရှန့် မေးလိုက်သည်။

"ဒါဆို လူစားလား မစားဘူးလား?''

"စားတယ်!''

"ဟမ်!''

ဝေ့ဝူရှန့် နားမလည်တော့သည့်ဟန်နှင့် ဟမ်ကနဲ အသံပြုမိသည်။

လူစားတယ်ဆိုမှတော့ ဘာကို မင်းတို့ထင်သလို မဟုတ်ရတာလဲကွ!?

နျဲ့ဟိုက်စန်းက သူ့အတွေးကိုသိသည့်နှယ် အလျှင်အမြန်ရှင်းပြလာသည်။

"ငါ ငါပြောတာနားထောင်ပါဦး...ဟန်ကွမ်းကျွင်း မင်းက ကတိတည်တတ်သူပဲ ငါပြောတာတွေကို အပြင်ကို မပေါက်ကြားအောင်လုပ်ပေးပါ အကယ်၍ ပေါက်ကြားသွားရင်တောင် ငါ့ဘက်က သက်သေလိုက်ပေးပါ...''

ဤတစ်ခါတော့ လန်ဝမ့်ကျီး စကားပြောလာပေပြီ။

"မင်း ဖြစ်ချင်တဲ့အတိုင်းပဲ!''

"ကောင်းပြီ...အဲတာက တကယ်တော့ ဘိုးဘွား အုတ်ဂူတွေပါ...''

ဝေ့ဝူရှန့် ကြားဖြတ်မေးလိုက်သည်။

"ဘိုးဘွား အုတ်ဂူ?...ဘာလို့အလောင်းတွေမရှိရတာလဲ?''

"အဲတာက ဘိုးဘွားအုတ်ဂူ မှန်ပေမယ့် တကယ်တော့ ဟန်ကွမ်းကျွင်း မင်းသိပါတယ် ငါတို့ဂိုဏ်းက တစ်ဖက်သွား ဓားရှည်တွေထက် ဓားအကြီးကြီးတွေပဲ သုံးကြတာ...သူတို့က အညိုးအတေးတအားကြီးပြီး သတ်ဖြတ်လိုစိတ် အရမ်းများကြတယ်...သူတို့ရဲ့သခင်တွေရှိချိန်မှာ သခင်တွေက ထိန်းချုပ်ထားတာမို့ ကိစ္စမရှိပေမယ့် သခင်တွေမရှိတော့တဲ့အခါကြတော့ ပြဿနာဖြစ်လာတယ်...''

"ဒါကြောင့် အဲတာတွေရဲ့အမျက်ကို ဖြေဖျောက်ဖို့ လူတွေကို ယစ်ပူဇော်လိုက်တယ်ပေါ့...''

ဝေ့ဝူရှန့်၏ မေးခွန်းကို နျဲ့ဟိုက်စန်းက ငိုတော့မည့်ပုံနှင့် အလျှင်အမြန်ငြင်းသည်။

"မဟုတ်ပါဘူးဆို...အဲတာတွေက လူမစားကြပါဘူး...ဒါပေမယ့် ဝိညာဥ်တွေနဲ့တော့ ယစ်ပူဇော်ရတယ်...''

If we'll meet in another life(uni+zaw) 'System'Où les histoires vivent. Découvrez maintenant