Part 19(မှော်နက်အရှင်က တစ်ယောက်ယောက်နဲ့ ခိုးတွေ့နေတယ်)

161 26 2
                                    

ရှေ့လျှောက်ရင် နောက်ရောက်နေသည့် အမူးသမား လန်ဝမ့်ကျီးကို တွဲခေါ်ရတာ ရေဆန်ကိုလှော်နေရသလို ခံစားချက်မျိုးရသည်။ ဝေ့ဝူရှန့် မှာ မနိုင်မနင်းဖြင့် လန်ဝမ့်ကျီး၏ လက်တွေကို မရမက ဆွဲခေါ်ရင်း တည်းခိုဆောင်သို့ ပြန်လာခဲ့ရလေသည်။ ထို့နောက် အိမ်ယာပေါ်သို့ အသာလေးချပေးလိုက်သည်။ သို့သော်ငြား သာမာန်လူ နှင့်မတူသည့် ကျင့်ကြံသူ ဖြစ်သည့် လန်ဝမ့်ကျီး ၏ ခန္ဓာကိုယ်ကို ဝေ့ဝူရှန့် မှာ ကောင်းကောင်း မထိန်းနိုင်ရှာပေ။

ခုတင်ပေါ်သို့ "အုန်း'ကနဲ ပြုတ်ကျသွားသည့် လန်ဝမ့်ကျီး မှာ နည်းနည်းလေးမှ နာကျင်သွားကြောင်း မပြပေ။ ဝေ့ဝူရှန့် မှာ အနည်းငယ်တော့ စိတ်သက်သာရာရသွားသော်ငြား သူပြန်ထလိုက်ချိန်၌ ထမရကြောင်း သိလိုက်ရလေသည်။

ပြင်းပြင်းထန်ထန် ပြုတ်ကျသွားသည့် လန်ဝမ့်ကျီးက သူ့ကိုပါ ဆွဲချပြီး ရင်ဘတ်ပေါ်၌ တင်ကာ သူ့ခါးကို ဖက်ထားလေသည်။ ဝေ့ဝူရှန့်က မော့ကြည့်လိုက်သည့်အခါ ထင်းနေသည့် ယောက်ျားဆန်ဆန် မေးရိုးသွယ်သွယ်ကလေးကို နီးကပ်စွာ မြင်နေရလေသည်။ ထို့နောက် သူတို့ခန္ဓာများသည်ကား လေတိုးမပေါက်အောင် ထိကပ်လျှက် သူက လန်ဝမ့်ကျီး၏ အပေါ်၌ ပစ်ကပ်နေကြောင်း သိလိုက်ရလေသည်။ ဝေ့ဝူရှန့်က သတိရှိပုံမရသည့် လန်ဝမ့်ကျီး၏ ကိုယ်ပေါ်မှ အသာလေး ဆင်းရန် ပြင်လိုက်သော်ငြား သူ့ခါးပေါ်က လက်တစ်စုံက ထင်သည်ထက် ပို၍ သန်မာကြောင်း သိလိုက်ရလေသည်။

သို့သော်ငြား ထို့ထက် ပို၍ အရေးကြီးနေသည်က သူတို့နှစ်ယောက် ထိစပ်နေသည့် ထိနေရာ။ ရှင်းရှင်းပြောရလျှင် သူ့ကို လာထိနေသည့် လန်ဝမ့်ကျီး၏ ထိုနေရာက.... ။

ဝေ့ဝူရှန့် ခင်ဗျာ မျက်နှာများ ရဲကနဲ ဖြစ်သွားရှာသည်။

*သူ...သူက....မူးပြီး အိပ်နေတာလေ....အဲတာတောင်....ဘယ်လို....ဘယ်လိုလုပ်...*

ဝေ့ဝူရှန့်သည် လန်ဝမ့်ကျီး၏ ကိုယ်ပေါ်မှ အလန့်တကြား ခုန်ဆင်းလိုက်သည့်အခါ သူ့ခါးပေါ်က လက်ကလဲ ပြုတ်ကျသွားပြီးနောက် လန်ဝမ့်ကျီးက "အင့်' ကနဲ တစ်ချက်ညည်းလိုက်ပြီးနောက် တစ်ဖက်လှည့်ကာ အိပ်သွားလေသည်။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now