Part 4(ကားငယ်တွင်းက သံဇဥ်ချို)

410 39 0
                                    

သီတင်းတစ်ပတ်မပြည့်တဲ့ ​ကမ်းခြေခရီးလေးဟာ သူ့အတွက်တော့ အမှတ်တရတွေ များစွာ ရရှိခဲ့လေသည်။ ကားနှစ်စီး ခွဲကာ ပြန်ကြသည်မို့ ဉာဏ်ထက် နဲ့ ကြည်ပြာဟာ သူပါတဲ့ ကားနှင့် အပြန်ခရီးကို လိုက်ခဲ့ကြသည်။ ရွှေရည်က ကားခေါင်းခန်းမှာ ထိုင်တော့ ကြည်ပြာနှင့် တစ်ခြားမိန်းကလေးနှစ်ယောက်အား မိန်းကလေးတွေမို့ အလယ်ခုံမှာ ထိုင်စေကာ
သူတို့ ယောက်ျားလေး နှစ်ယောက်က နောက်ခန်းမှာ ထိုင်ရသည်။

ကားစထွက်ကတည်းက မိန်းကလေး ပီပီ ပေါက်ပေါက်ဖောက်လာကြတဲ့ ကြည်ပြာတို့ အုပ်စု နှင့် သူတို့ ယောက်ျားလေး နှစ်ယောက်ဟာတော့ သီးခြားစီ ဖြစ်နေခဲ့ကာ နှစ်ယောက်သား တိတ်ဆိတ်နေခဲ့ကြသည်။ ခဏကြာတော့ ဉာဏ်ထက်က သူ့နားတစ်ဖက်က earplus ကို ဆဲွဲဖြုတ်ကာ နားထောင်သည်။

သူ နားထောင်နေတဲ့ သီချင်းလေးက Katy Perry ရဲ့ The one that got away ကို Troye Sivan cover ပြန်ဆိုထားတာလေး....

"Katy Perry ဆိုတာ မကြိုက်လို့လား?'

အပြင်ဘက် ရှုခင်းတွေ ငေးမောရင်း သူ့နားကြပ်တစ်ဖက်ကို မပြောမဆိုဖြင့် ဆွဲယူကာ နားထောင်နေသည့် ကောင်လေး....

"မကြိုက်လို့ရယ်တော့ မဟုတ်ပါဘူး Troye ဆိုထားတာလေး ပိုသဘောကျမိလို့'

တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားပြန်တဲ့ အခြေအနေမှာ ရှေ့က မိန်းကလေးအုပ်စုသည်လည်း အိပ်တဲ့သူက အိပ်နေကာ ဖုန်းကစားသူက ကစားနေပြန်၍ သူတို့ ကားလေးဟာ တိတ်ဆိတ်ကာ နေလေသည်။

ကားထဲသို့ ဖြတ်ကျော်တိုးဝှေ့လာသော လေအေးအေးတွေ​ကြောင့် မျက်လုံးစုံမှိတ်ရင်း သီချင်းလေး လိုက်ညည်းနေသည့် ဉာဏ်ထက်ရဲ့ နှုတ်ခမ်းရဲရဲတို့ဆီ
အကြည့်ရောက်တော့ ညက ကိစ္စတွေက ဦးနှောက်ထဲ အစီလိုက် အတန်းလိုက် ဝင်လာခဲ့သည်။ မူးတဲ့သူ ဘာမှမမှတ်မိဘူးရယ်လို့တော့ မဟုတ်ပါဘူး သူ အကုန်မှတ်မိနေခဲ့ပါသည်။

"မင်း ဘာလို့ ဒီလိုဆံပင်ကေ ထားရတာလဲ?'

"ဘာလို့လဲ မလိုက်ဘူးလား?'

အမေးကို အဖြေမပေးပဲ အမေးပြန်မေးတယ်ဆိုတာ ဒီကောင်လေး တော်ရုံပါးနပ်မှုမျိုး မဟုတ်ပါ။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now