Part 21(အားးး!!!....သောက်ကျိုးနည်း တတိယနည်းလမ်း)

181 25 2
                                    

ဝေ့ဝူရှန့်တစ်ယောက် အတော်ကြာအောင် စွံ့အနေပြီးမှ ရုတ်တရက် အသိတရားရလာကာ ပြောလိုက်သည်။

"ငါ စိတ်မကောက်ပါဘူး....လာပါ ပြန်ရအောင်''

လန်ဝမ့်ကျီးက သူ့ကို မျက်ခုံးကျုံ့၍ကြည့်လာသည်။ ထို့နောက်သူက အနားသို့ထပ်ကပ်လိုက်ပြီး ပြောသည်။

"မင်း ငါ့ကိုထပ်နမ်းရမယ်...'

ဝေ့ဝူရှန့် ယောင်လည်လည်လုပ်နေသည်။ သူက လန်ဝမ့်ကျီး၏ ပုခုံးကိုကိုင်ကာ သူနှင့်ဝေးသွားစေရန် မသိမသာတွန်းလိုက်သည်။

"ညည့်နက်နေပြီ....ပြန်အိပ်ရအောင် မင်းစည်းကမ်းဖောက်တော့မလို့လား?'

လန်ဝမ့်ကျီးက မလှုပ်မယှက်တွေဝေနေသည်။ ဝေ့ဝူရှန့် အနည်းငယ်ပျော်ရွှင်သွားသည်။ သူက ထိုငြိမ်သက်နေသည့်အချိန်ကို အခွင့်ကောင်းယူပြီး လန်ဝမ့်ကျီး၏ လက်ကိုဆွဲကာ ထိုနေရာမှထွက်သွားရန်ပြင်လိုက်သည်။ ထိုအချိန်၌ပင် system ရဲ့ စာသံပေသံကြီးနဲ့ စကားတစ်ချို့ထွက်ပေါ်လာသည်။

"သတိပေးပါတယ်....သူငယ်ချင်းရဲ့ဆန္ဒကို ငြင်းဆန်ခွင့်မရှိပါ...'

ဝေ့ဝူရှန့် စိတ်တိုသွားသည်။ ဖြူလုံးကောင်က ဘာဖြစ်စေချင်နေတာလဲ။

"သူငယ်ချင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးစေချင်တာပါ....'

အား....သူက စိတ်ထဲက ပြောတာတွေလဲ သိနိုင်တာပဲ။ ဝေ့ဝူရှန့်နားမလည်စွာ မေးလိုက်သည်။

(ေဝ့....နေပါဦး....ငါမေးပါရစေ....ဒီဟန်ကွမ်းကျွင်းကြီးက ငါ့ကို သူငယ်ချင်းလို ဆက်ဆံတယ်လို့ မင်ထင်နေတာလား....ယောက်ျားလေး သူငယ်ချင်းနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက်နမ်းတယ်လို့တော့ ငါ့ကိုလာမပြောနဲ့...)

"လူကြီးမင်း...မကြာခင်ကပဲ နမ်းပြီးပြီမဟုတ်ဘူးလား ထပ်နမ်းဖို့က ဘာခက်ခဲနေလို့လဲ...ပြီးတော့ ဒီတစ်ခေါက် ထပ်မနမ်းရင် အရေးကြီးတဲ့ အမှတ်ကို လက်လွှတ်ရလိမ့်မယ်....'

(ငါ့ကို နည်းနည်းလောက် ရွေးချယ်ခွင့်မပေးဘူးလား?)

ထိုအခါ system က ရှင်းပြလာသည်။

"ရတာပေါ့....ပထမနည်းလမ်းက ယခုလန်ဝမ့်ကျီးကို လူကြီးမင်းက ပါးကိုနမ်းပါ....ဒီအတွက် ရမှတ် ၁မှတ် မကြာခင်က လူကြီးမင်း နမ်းခဲ့တာအတွက် တစ်မှတ် ရမှတ်၂မှတ်ရပါမယ်...'

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now