Part 27(system က ဂျင်းကျွေးတာပဲ!)

136 17 2
                                    

"ဂုဏ်ယူပါတယ်  main mission အောင်မြင်ပြီး ၂မှတ်ခွဲထပ်ပေါင်းကာ ရမှတ်စုစုပေါင်း ၁၅မှတ်နဲ့ မူလဝေ့ဝူရှန့်ရဲ့ ခန္ဓာကို လွပ်လပ်စွာ ထိန်းချုပ်ခွင့် ရရှိပြီး ဖြစ်ပါတယ်....ဆက်လက်ကြိုးစားပါဦး...!!''

System ၏ စကားကြောင့် ဝမ်းသာသွားကာ ကျေနပ်ပီတိဖြာနေရှာသည့် ဝေ့ဝူရှန့်ကို system က လွယ်လွယ်နှင့် အကျိုးခံစားခွင့်မပြုခဲ့ပါပေ။ system က စာသံပေသံကြီးနှင့် mission အသစ်တစ်ခုကို တန်းပေးလာပြန်သည်။

"Mission အသစ် ကျင်းသခင်လေးရဲ့ ကျိမ်စာအမှတ်ကို ဖျောက်ပေးပါ....missionမအောင်မြင်ပါက ကျင်းသခင်လေးအား ထိခိုက်စေမှုနဲ့ ရှင်သန်နှစ်အားလုံးလျှော့ချခံရမည်ဖြစ်ပြီး ဒီကမ္ဘာထဲ၌သာ နေခွင့်ပြုပါမည်...''

ဝေ့ဝူရှန့် - (ဟေ့...)

System - ''mission အသက်သွင်း တာဝန်ပေးပြီး....hostမှ ငြင်းဆန်ခွင့်မရှိ။ ကြိုးကြိုးစားစား လုပ်ဆောင်ပါ။''

ပြောပြီးသည်နှင့် system ကပျောက်ကွယ်သွားခဲ့သည်။ system နှင့် နပန်းလုံးနေတုန်း ကျင်းလင်က သူ့ဓားကို ဆတ်ကနဲကောက်ကာ ထွက်ပြေးလေသည်။ ဝေ့ဝူရှန့်မှာ မတတ်နိုင် နောက်မှ ပြေးလိုက်ရပြန်သည်။

"ဟေးးး....နေဦးလေ...ဝေ့...!''

ကျင်းလင်ကမူ တန်းနေအောင် ထွက်ပြေးသွားသည်မို့ ဝေ့ဝူရှန့်မှာ အသည်းအသန်လိုက် လိုက်ရပြီးမှ မိတော့သည်။ သူကကျင်းလင်ကို နောက်မှသိုင်းဖက်ကာ ချုပ်လိုက်သည်။ သို့သော် ဒီကျိမ်စာအမှတ်ကြီးကို ဘယ်လိုဖယ်ရမည် မသိ။ ကျင်းလင်က မေးလာသည်။

"ခင်ဗျား....ခင်ဗျား ဘာလုပ်ဖို့လိုက်လာတာလဲ?''

ဝေ့ဝူရှန့် ပြန်ပြောရန် အခက်တွေ့နေချိန်မှာပင်
သူတို့နံဘေး၌ တရွှီရွှီနှင့် ထူးဆန်းသည့်အသက်ရှူသံကို ကြားလိုက်ရလေသည်။ ဝေ့ဝူရှန့် လှည့်ကြည့်လိုက်သည့်အခါ လိပ်ပြာပျိုက သူတို့နံဘေး၌ နှာခေါင်းတရှုံ့ရှုံ့လုပ်နေသည်။ ဝေ့ဝူရှန့် လန့်ဖျန့်သွားရကာ ကျင်းလင်ကိုချုပ်ထားသည့်လက်များပါ တုန်ယင်သွားရသည်။ အမှန်ပင် ထက်မြတ်ဘဝက သူက သေချာပေါက် ခွေးမကြောက်တတ်ဘူးပေါ့။ ဒါပေမယ့် ဒီဘဝမှာ ဒီခွေးကြောင့် သူခဏတိုင်း ဒုက္ခရောက်ကာ အရှက်ကွဲနေရသည်လေ။ ဒါကြောင့် ဒီခွေးကို သူလန့်သွားတာပေါ့။ ဒါပေမယ့် ယခု သူက ဝေ့ဝူရှန့် ခန္ဓာကို ထိန်းချုပ်နိုင်နေပြီဆိုတော့ ခွေးကြောက်စရာမလိုတော့ပေ။

If we'll meet in another life(uni+zaw) 'System'Hikayelerin yaşadığı yer. Şimdi keşfedin