Part 13(ယုန်ကလေးက ချစ်သက်သေ 1)

216 30 0
                                    

လန်ကျန့်ကမူ ဆိုးရိမ်တကြီး သူ့အားကြည့်နေပါ၏။ ထိုအမျိုးသားက ဆိုသည်။

"ဝေ့ဝူရှန့်....မျက်နှာဖုံးမချွတ်သေးဘူးလား?'

အသံမှာ မာထန်လျှက် ဒေါသတကြီးဆန်သော်ငြား စိုးရိမ်ရိပ် သန်းလျှက်ရှိကြောင်း သိသာသည်။ ထိုအချိန်မှာပဲ system ရဲ့ အသံဆာဆာဟာ နားစည်ထံသို့ ပျံ့နှံ့ဝင်ရောက်လာသည်။

"သတိပေးပါတယ် ဒါက ဝေ့ဝူရှန့် ရဲ့ ဆရာတူညီ ကျန်းဝမ်ရင်ပါ....'

သို့သော် system ရဲ့ စကားမဆုံးမီ ဝေ့ဝူရှန့်က ဖြတ်ပြောလာသည်။

"ငါအဲလောက်မဒူဘူး...ပုံစံကြည့်ပြီး ခန့်မှန်းမိပြီးသား...'

(AN:ခုကစပြီး ထက်မြက်နဲ့မသုံးတော့ပါဘူးနော် ထက့်မက်က ဝေ့ဝူရှန့် ကိုယ်ထဲဝင်သွားပြီမလို့ ထက်မြက်ကို ဝေ့ဝူရှန့် ဆိုတဲ့ နာမည်နဲ့ပဲ သုံးပါတော့မယ်နော်)

ထိုအချိန်၌ systemလေး ခင်ဗျာ မျက်ဆံလှန်မိလိမ့်မည်မှာ အမှန်။ ထို့ကြောင့် အကြောပေးမခံ system လေးက ပြန်လည်ချေပပါ၏။

"ဟောဒီ့က လူကြီးမင်းခင်ဗျ....ကျွန်တော်က ကောင်းကင်ဘုံရဲ့ တမန်တော်...လူကြီးမင်းကို ကူညီဖို့ရောက်လာရတာ ကျွန်တော့် တာဝန်အရပြောပြရတာပါနော်...ပြောချင်လွန်းလို့မဟုတ်ဘူး....ပြီးတော့ စကားကို ဆုံးအောင် နားထောင်ပါဦး...အဲလူက ခင်ဗျားရဲ့ ဆရာတူညီ ကျန်းချန်မလို့ အဲလူနဲ့ နောက်ဆို အဆင်ပြေလာဖို့ လမ်းစရှာပါတော့...လုပ်ငန်းစဖို့အချိန်တန်ပြီမို့....မူလခန္ဓာပိုင်ရှင်က ကျန်းဂိုဏ်းသား ပြန်ဖြစ်ချင်နေတာကြောင့် ခန္ဓာပိုင်ရှင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အချိန်တန်နေပါပြီ...'

ဟုတ်သည်လေ။ ကောင်းကင်ဘုံရဲ့ တမန်တော် လိုမျိုး system ကိုများ သူ့အစေခံလိုလို တပည့်လိုလို လက်ထောက်လိုလိုနဲ့ လာလာဆက်ဆံနေတာ နည်းနည်းမှ မခံနိုင်ပါဘူးနော်။ ကောင်းကင်ဘုံ တမန်တော်မလို့ စိတ်ထိန်းနေရတာ ငရဲပည်တမန်တော်သာ ဖြစ်ကြည့် ဒင်းကို ငရဲကြီးရှစ်ထပ်ရဲ့ အောက်ဆုံးက အဝီစိမှာ ဂျိုးကပ်ပြီး ခွာမရအောင်ကို လုပ်ပစ်မိမှာ။

ထို့ကြောင့် ဝေ့ဝူရှန့် တစ်ယောက် သက်ပြင်းခိုးချလိုက်ပါ၏။

If we'll meet in another life(uni+zaw) 'System'Tahanan ng mga kuwento. Tumuklas ngayon