Part 30(systemက သူငယ်ချင်းနှစ်ယောက်၏ ကျီစယ်မှုများအတွက် တာဝန်ယူဖြေရှင်းမပေးပါ)

154 19 2
                                    

ဝေ့ဝူရှန့်က သူ့ဝတ်ရုံစကိုပြန်ဆွဲကာ ခြေထောက်ကို ဖုံးလိုက်သည်။

"ဒီတိုင်း...အရိုက်ခံလိုက်ရရုံပါ...ငါဘာမှမဖြစ်ဘူး...''

"ကျင်းလင်ကိုယ်ပေါ်ကဖယ်လိုက်တဲ့ဟာလား?''

ဝေ့ဝူရှန့် ဘာမှပြန်မပြောရသေးခင် လန်ဝမ့်ကျီးက ဆက်မေးသည်။

"ကျန်းဝမ်ရင်နဲ့ တွေ့ခဲ့တာလား?  တစ်ခုခုဖြစ်ခဲ့သေးတာလား? မင်းဘယ်လိုလွတ်လာလဲ..? မင်းမှန်းသိသွားပြီလား?''

"အိုင်းယား...လန်ကျန့်! မင်းဘယ်တုန်းက အဲ့လောက်စကားများတတ်သွားတာလဲ? ငါဘာမှမဖြစ်ပါဘူးကွ...ကျန်းချန်နဲ့ တွေ့တော့ရော ဘာဖြစ်လဲ?...ငါမှန်းသိတော့ရော သိပေါ့...ဒီကမ္ဘာနေသ၍ ဒီလူတွေချင်း တွေ့နေရမှာပဲလေ...မတွေ့ရင်မှ ထူးဆန်းနေမှာ မဟုတ်ဘူးလား?''

လန်ဝမ့်ကျီးက ရုပ်တည်ဖြင့် သူ့ကိုစိုက်ကြည့်နေသည်။ ထို့နောက် မျက်လွှာချရင်း ဆိုသည်။

"သွားကြမယ်...ငါမင်းကိုကုန်းပိုးမယ်...''

ဝေ့ဝူရှန့်ကတားလိုက်သည်။

"မလိုဘူး...ငါဘာမှမဖြစ်ဘူးဆို!''

လန်ဝမ့်ကျီးက ရှေ့သို့တစ်လှည်းတိုးလာကာ ဝေ့ဝူရှန့်က နောက်သို့ တစ်လှည်းဆုတ်မိသည်။

"ငါ ကုန်းပိုးမယ်လို့ပြောပြီးပြီလေ...''

"လန်ကျန့်!. ..အိုင်းယား...ယောက်ျားလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို ကုန်းပိုးမယ်?...အဲ့တာက ကြည့်ရမဆိုးလွန်းဘူးလား?''

"မင်း ချင်းဟယ်ဈေးမှာ ငါ့အပေါ်တောင် ဖက်တက်ခဲ့သေးတာပဲ?''

"ငါ...ငါကလား?''

ငါလေးက ဘယ်တုန်းက သူ့အပေါ်ဖက်တက်ခဲ့လို့လဲလို့....ကူစဥ်းစားပါအုံး systemရေ...

"သူငယ်ချင်းနှစ်ယောက်ကြားက ကလူ၏သို့ မြူ၏သို့ ကိစ္စများအား systemမှ တာဝန်ယူ ကူညီမပေးပါ...''

(ဘာရယ်...? ဖြူလုံးရ မင်းရဲ့ နာမည်ပေးစနစ်ကြီးတွေက ထူးဆန်းလိုက်တာ...)

ထားတော့...ထားတော့ ခုတော့ ငါလေးက ယောက်ျားရင့်မာကြီးတစ်ယောက်ဖြစ်ပြီး တခြားယောက်ျားတစ်ယောက်က ကုန်းပိုးသွားမှာတော့ လက်မခံနိုင်ပါဘူးနော်။ လန်ဝမ့်ကျီးက သူ့ဆီသို့ခြေတစ်လှမ်းထပ်လှမ်းကာ ဆိုသည်။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now