Part 23(အရှက်ကွဲတာက အသဲကွဲတာထက် ခံရခက်တယ်)

155 22 2
                                    

သူတို့ ချင်းဟယ်စျေးကို ဖြတ်လျှောက်လာကြပြီး ထုံးစံအတိုင်း အသားရေတင့်တယ်သော ဟန်ကွမ်းကျွင်း မှာမူ မိန်းကလေးများ၏ ငေးမောခြင်းအား ခံရသည်။ ဝေ့ဝူရှန့်၎င်းအပေါ်၌ မည်သည့်အမြင်မှ မှတ်ချက်မပြုမိ။ လန်ကျန့်ဟာ တကယ်ပဲ အားလုံးရဲ့ ငေးမောခြင်း ခံရဖို့ထိုက်တန်သည်ဟု သူယုံကြည်မိသောကြောင့်။

တစ်နေရာအရောက် ဝေ့ဝူရှန့် နံဘေးမှ မိန်းကလေးနှစ်ယောက် ဖြတ်လျှောက်သွားပြီး အချင်းချင်း တီးတိုးတိုင်ပင်နေကြသည်။

"ဟုတ်လား ဒါကကြောက်စရာကောင်းလိုက်တာ....'

"ဟုတ်တယ် ဟုတ်တယ် ဘယ်သူမှ ပြန်မထွက်လာနိုင်ကြဘူးလေ...'

ဝေ့ဝူရှန့်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူက သူ့ကိုကျော်သွားပြီဖြစ်တဲ့ မိန်းကလေးနှစ်ယောက်ထံ လည်ပြန်ပြန်ကြည့်လိုက်သည်။ ထို့နောက် သူ့တစ်ကိုယ်လုံးကို လှည့်ကာ ခေါ်လိုက်သည်။

"မိန်းကလေးတို့...!'

ကောင်မလေး နှစ်ယောက် လှည့်ကြည့်လာသည်။ သူခေါ်လိုက်သည့်အသံကြားသည်နှင့် လန်ကျန့်၏ ခြေလှမ်းများပါ ရပ်တန့်သွားရသည်။ သူက ဝေ့ဝူရှန့်၏ ခပ်လှမ်းလှမ်း၌ ရပ်ကာ အခြေအနေကို အကဲခတ်နေသည်။

ဝေ့ဝူရှန့်သည် လူများလှသည့် စျေးထဲ၌ သူ့မျက်နှာဖုံးကို မဖြုတ်ပေ။ ထို့ကြောင့် အခေါ်ခံလိုက်ရသည့် မိန်းကလေးနှစ်ယောက်က သူ့ကို အထူးတဆန်းကြည့်လာသည်။ ဝေ့ဝူရှန့် ထိုမိန်းကလေးနှစ်ယောက်ထံ လျှောက်သွားရင်း ပတ်ဝန်းကျင်၌ မိမိနှင့်ရင်းနှီးမည့်သူ တစ်ယောက်မှလဲ မရှိနိုင်ကြောင်း အတည်ပြုပြီးပြီမို့ သူ့ကို အထူးတဆန်း မဖြစ်စေရန် မျက်နှာဖုံးကို အေးဆေးစွာ ချွတ်လိုက်သည်။

မျက်နှာဖုံး ဖယ်ခွာသွားသည်နှင့် ဖြူအုနုနယ်သည့် သူ့မျက်နှာကလေးက ထင်းကနဲ ထွက်ပေါ်လာတော့သည်။ ထိုမိန်းကလေးနှစ်ယောက်မှာ မူလကထက်ပင် ပို၍ လှုပ်လှုပ်ရှားရှား ဖြစ်သွားရလေသည်။ ဝေ့ဝူရှန့် ပြောလိုက်သည်။

"မိန်းကလေးတို့ မကြာခင်က ပြောနေကြတာ ဘာအကြောင်းများလဲ.... ဒီနားတစ်ဝိုက်မှာ ဘာတွေထူးခြားတာ ရှိလို့လဲ ဗျ...'

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now