Part 32(မျောက်မမှန်း ဘယ်ကိုကြည့်လို့သိတာလဲ?)

155 16 0
                                    

လန်ဝမ့်ကျီး ယူပေးသည့် သေရည်အိုးကို ယူကာ ဝေ့ဝူရှန့်က တစ်ငုံသောက်လိုက်သည်။
တစ်ငုံသောက်ပြီးနောက် ဝေ့ဝူရှန့် စိတ်ကျေနပ်သွားသည်။

တော်သေးတာပေါ့...ထျန်းဇီရှောက်လောက် မပြင်းဘူး...

သောက်ရင်း သောက်ရင်းနှင့် အနည်းငယ်ထွေလာသော်ငြား သူမမူးသေးပေ။ သေရည်ကပျော့လို့လား ဒါမှမဟုတ် သူပဲသေရည်တွေနဲ့ အသားတကျရှိသွားသလား မသိပေ။ သူက သေရည်သိပ်မပြင်းကြောင်း သတိထားမိသည်နှင့် ရုတ်တရက် အကြံတစ်ခုပေါ်လာကာ ခွက်တစ်ခုထဲသို့ ငှဲ့ထည့်လိုက်သည်။

"လာ...လန်ကျန့် ငါနဲ့အတူသောက်ပေးမယ်မလား?''

ဝေ့ဝူရှန့် ဟာ အင်မတန်ကို ဉာဏ်နီဉာဏ်နက် များလှသည်အား လန်ဝမ့်ကျီးက သိသည်မို့ သဘောတကျ ကြိတ်ပြုံးလိုက်သည်။ ဝေ့ဝူရှန့်သာ ငါနဲ့အတူသောက်မလားဟု မေးလာလျှင် သူကမသောက်ရန် အလွယ်တကူငြင်းနိုင်သည်။ သို့သော် ငါနဲ့အတူသောက်မယ်မလား ဟူသည့်စကားမှာ သူ့ဘက်သူရပ်လွန်းနေသည်။ သူက သောက်ကိုသောက်ပေးမှာမလား ဟု သုံးနှုန်းလိုက်ခြင်းနှင့်ညီမျှသည်မို့ ငြင်းပစ်ရန် ခက်လှသည်။ လန်ဝမ့်ကျီးက ခေါင်းတစ်ချက်ညိတ်ကာ ဝေ့ဝူရှန့်၏ မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လိုက်သည်။

ဝေ့ဝူရှန့်က သေရည်ခွက်ကို လန်ဝမ့်ကျီးထံ တွန်းပို့လိုက်သည်။ လန်ဝမ့်ကျီးက သေရည်ခွက်ကိုယူကာ မော့သောက်လိုက်သည်။ ဝေ့ဝူရှန့်က သဘောတကျပြုံးလိုက်ရင်း ေသရည်ကို အိုးလိုက်မော့ချလိုက်ပြီးနောက် ဆွေးဆွေးမြေ့မြေ့ပြောလိုက်သည်။

"လန်ကျန့်ရာ...မင်းသိလား...?''

လန်ဝမ့်ကျီးက မျက်နှာတည်နှင့်။ ဝေ့ဝူရှန့်စကားဆက်သည်။

"ငါ သိပ်ပျော်တာပဲကွာ...''

ဝေ့ဝူရှန့် ရုတ်တရက် မျက်လုံးများကွေးသွားအောင်ပြုံးလိုက်ပြီး လန်ဝမ့်ကျီး မျက်နှာအနီးသို့ တိုးကပ်ကာ မေးသည်။

"ဘာလို့လဲသိလား?''

လန်ဝမ့်ကျီးက တောင့်တောင့်ကြီး ခေါင်းခါသည်။ ဝေ့ဝူရှန့် နှာခေါင်းရှုံ့ကာ နောက်သို့ ပြန်ဆုတ်သွားသည်။

If we'll meet in another life(uni+zaw) 'System'Tempat cerita menjadi hidup. Temukan sekarang