Part 18(တစ်ခုခုကတော့ မူမှန်မနေဘူးထင်တယ်)

162 25 0
                                    

ဝေ့ဝူရှန့်က ဝမ်းနင်၏ နားထင်နားကို စိတ်ဝင်တစား အနီးကပ်ကြည့်လိုက်လေသည်။

*ဘာလဲ?...သံနဲ့အရိုက်ခံထားရတာလား....နှစ်ချောင်းတောင်မှ...*

သူက စဥ်းစားလိုက်သည်။ ဒါက သာမာန်ရိုးရိုး သံတော့ မဟုတ်နိုင်ဘူး ထင်တယ် ။
ဝေ့ဝူရှန့် သည် စိတ်ဝင်စားသွားသည်နှင့် အနားသို့ ပိုတိုးကာကြည့်လိုက်သည်။ သူက ဝမ်းနင်၏ နားထင်ကို ကြည့်နေရင်းမှ ဖြတ်ကနဲ ဝမ်းနင်၏ ရုပ်ရည်သွင်ပြင်ကို သတိထားမိသွားလေသည်။

*ငါ သူ့ကိုမြင်ဖူးနေသလိုပဲ....ဘယ်မှာမြင်ဖူးတာလဲ.... တော်တော်လေး ရင်းနှီးနေသလိုပဲနော်....*

ဝေ့ဝူရှန့်က မျက်ခုံးများကြုံ့မိသွားပြီးမှ စိတ်ထင်တာပါဟု တွေးကာ သံသယအတွေးများကို လေထဲမျှောကာ ပျောက်ကွယ်စေလိုက်သည်။ သူလူပြန်ဝင်စားပြီးကတည်းက ဝမ်းနင်ဆိုတာကြီးနဲ့ ဒါပထမဆုံး ဆုံဖူးတာပဲလေ။

သူက အတွေးပြတ်သွားရုံရှိသေးသည်။ ရုတ်တရက် ကျောနောက်မှ အေးစိမ့်စိမ့် ခံစားချက်ကြီးကြောင့် လှည့်ကြည့်လိုက်မိလေသည်။ သူ့ကို သတ်တော့မလို ဖြတ်တော့မလို စိုက်ကြည့်နေသည့် လန်ကျန့်က သူ့ဆီကို တောင့်တောင့်ကြီးလာနေသည်။ အနားရောက်သည်နှင့် သူ့ကို ဆွဲဖက်ကာ ဆိုလေသည်။

"သူ့ကို ပြန်လွှတ်လိုက်...'

ရင်ခွင်ထဲရောက်သွားသည့် ဝေ့ဝူရှန့်က ရုန်းလိုက်လေသည်။ လန်ဝမ့်ကျီး က လွှတ်မပေးဘဲ ထပ်ပြောပြန်သည်။

"ပြန်လွှတ်လိုက်.... '

ဝေ့ဝူရှန့်က မျက်ဆံများလှန်ပစ်ကာ ပြောလိုက်လေသည်။

"ငါ သူ့ကို ပြန်လွှတ်ပေးမှာ မလို့ ငါ့ကို အရင်လွှတ်ပေးလေ...'

ထိုအခါ လန်ဝမ့်ကျီး က ချက်ချင်းမလွှတ်ပေးဘဲ ခဏမျှ ငြိမ်သက်ကာ တစ်ခုခုကို စဥ်းစားနေလေသည်။ ထို့နောက်မှ သူ့ကို မလွှတ်ချင် လွှတ်ပေးကာ ဆိုလေသည်။

"အနားမကပ်နဲ့...'

ဝေ့ဝူရှန့် တွေးမိသွားသည်။ လန်အိမ်တော်က စည်းကမ်းတွေထဲမှာ သေရည်သောက်ဖို့ အကြီးအကျယ် ကန့်သတ်ထားတာ ဒါကြောင့်ပဲ။ သူတို့အိမ်တော်က လူတွေက မူးပြီဆို ဒီလိုပဲ လူမှုရေး မသိတတ်တော့ဘဲ စိတ်ခံစားချက်တွေလဲ ပေါ်လွင်သွားတတ်တယ် ထင်တယ်။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now