Part 38 (ယီမြို့ 2)

132 5 1
                                    

ဝေ့ဝူရှန့်သည် အလျှင်အမြန်ပင် နောက်သို့လှည့်ကြည့်လိုက်ကာ ခပ်ကျယ်ကျယ် အော်မေးလိုက်သည်။

"ဘယ်သူလဲ?''

ပိန်းပိတ်နေအောင် ထူထပ်လှသည့် မြူများကြား၌ လျှင်မြန်လွန်းသည့်အရှိန်ဖြင့် ၎င်းအရာက လန်ဝမ့်ကျီးရှိရာသို့ ရှေ့တည့်တည့်မှ ပြေးဝင်လာပြန်သည်။ လန်ဝမ့်ကျီးက ကိုယ်ယိမ်းလျှက် အသာအယာလေး လန်ဝမ့်ကျီး၏ ရင်ဘတ်ထံသို့ ဦးတည်တိုက်ခိုက်နေခြင်း။ ထို့နောက် လန်ဝမ့်ကျီး၏ ဝတ်ရုံရင်ဘတ်အတွင်း၌ မှော်နက်အဆောင်၏ အစိတ်ပိုင်းတစ်ခုက ရှိနေသည်။ ထို့​ကြောင့် အများကြီး စဥ်းစားနေစရာမလို။ ၎င်း၏ ဦးတည်ချက်က လန်ဝမ့်ကျီးအား တိုက်ခိုက်လိုခြင်းထက် မှော်နက်အဆောင်အား လုယူလိုခြင်း ဖြစ်သည်။ ဝိုးတိုးဝါးတား မြင်ကွင်းကြား၌ ဝေ့ဝူရှန့် အော်ပြောလိုက်ပြန်သည်။

"လန်ကျန့် သူ မှော်နက်အဆောင်ကို ယူချင်နေတာ....''

လန်ဝမ့်ကျီးနှင့် ၎င်းအရိပ်သည် လှစ်ကနဲ လေပေါ်သို့ပြန်တက်သွားကြပြီး မြူများ၏ အပေါ်မှ လန်ဝမ့်ကျီးက မတိုးမကျယ် သတိပေးလာသည်။

"စကားမပြောနဲ့တော့ မြူတွေက အရောင်ပြောင်းလာပြီ အဆိပ်ရှိနိုင်တယ်''

ဝေ့ဝူရှန့် ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။ ဟန်ကွမ်းကျွင်းလို ပုဂ္ဂိုလ်မျိုးကို ဤအသေးအမွှား ကိစ္စလေးများအတွက် အသိပေးနေစရာ မလိုအပ်။ ထို့အပြင် သူသည်လည်း မြူတွေကြားက ထူးဆန်းမှုကို ခံစားမိသည်မို့။

လန်ဝမ့်ကျီးသည် ထိုထူးဆန်းသည့်အရာနှင့် ဆက်လက်တိုက်ခိုက်နေပြီး ဝေ့ဝူရှန့်သည် မိမိနောက်မှ ထူးဆန်းသည့်အသံအချို့ကို ကြားလိုက်ရပြန်သည်။ မြူများကြား၌ ခပ်ရေးရေး ပုံရိပ်များကို အာရုံစိုက်ကြည့်နေမိရင်း တဖြည်းဖြည်း သူခန့်မှန်း၍ရလာသည်။

^ရုပ်သေးရုပ်တွေ?!^

သူစဥ်းစားနေချိန်မှာပင် ဗျပ်စောင်းသံ တစ်သံနှင့်အတူ ချီစွမ်းအင် လှိုင်းတစ်ခုက သူ့ကိုဖြတ်ကျော်၍ ၎င်းရုပ်သေးရုပ်များအား တိုက်ခိုက်လိုက်ပေ၏။ ထို့နောက် လန်ဝမ့်ကျီးသည် မှော်နက်အဆောင်အား ကာကွယ်ရင်း ထူးဆန်းသည့်သူနှင့် ဆက်လက်တိုက်ခိုက်နေပြန်သည်။ ဝေ့ဝူရှန့်သည် ဟိုလှည့်လိုက် သည်လှည့်လိုက်နှင့် ဤနေရာတစ်ခုလုံးက သူနှင့်လုံးလုံး မသက်ဆိုင် သူ့ကိုမလိုအပ်သလို ခံစားလာရသည်။

You've reached the end of published parts.

⏰ Last updated: Jun 26, 2022 ⏰

Add this story to your Library to get notified about new parts!

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now