"EPISODE 56" (UNICODE+ZAWGYI)

9.3K 862 73
                                    

UNICODE

သုံးရက်ကြာပြီးနောက် ဘာမင်ဂမ်..

သုံးရက်မြောက်နေ့ဖြစ်လာပြီဆိုတော့ ဘာပဲပြောပြော နေရာအပြောင်းအလဲမှာ နည်းနည်းတော့ အသားကျလာတာ အမှန်ပင်။

ကျောင်းက နောက်တစ်ပတ်ထဲမှ စတက်ရမှာဖြစ်ပေမဲ့ International ကျောင်းသားတွေ အားလုံးကတော့ ကျောင်းရဲ့ အဆောင်မှာ အသီးသီးရောက်နေကြပြီ။ တစ်ချို့ဆို Gulf ထက်ပင် ပိုစောစောရောက်နေကြသေးတယ်။ တစ်ချို့လဲ အချင်းချင်း သူငယ်ချင်းတွေ ဖြစ်ကုန်ပြီး မြို့အနှံ့လည်ပတ်နေကြပြီ။

Form တင်ကတည်းက အဆောင်နေရာအတွက် အခန်းနံပါတ်ကအစ ထွက်ထားပြီးသားမို့ ရောက်လာကတည်းက ဘာတစ်ခုမှ မပူပင်ရ။ အဆောင်မှူးလိုက်ပို့တဲ့ ကိုယ့်အခန်းကိုယ် တန်းဝင်ရုံပါပဲ။ လန်ဒန်တိုက်ရိုက်လေကြောင်းလိုင်းနဲ့ လိုက်လာတာကြောင့် ရောက်ကာစ တစ်ရက်ကတော့ ကိုကိုတို့မိသားစုအိမ်မှာ အိပ်ခဲ့သေးတာ။ နောက်တစ်နေ့မှ ကိုကို့မိသားစုက လန်ဒန်ကနေ ဘာမင်ဂမ်အထိ သေချာလိုက်ပို့၊ လိုက်အပ်ပေးခဲ့တာ။ တစ်ယောက်တည်း အထီးကျန်နေတယ်ဆိုတဲ့ ခံစားချက်မဝင်အောင် ဒိမိသားစုလေးက သူ့ကို သေချာဂရုစိုက်ပေးခဲ့တာ။

ဖုန်းထဲမှာ ရင်းနှီးပြီးသားပေမဲ့ အပြင်မှာ ပထမဆုံး ဆုံတုန်းက ကိုကို့အမေကို လန့်နေမိသေးတာ။ ဒါပေမဲ့ အထင်နဲ့အမြင်ဟာ တက်တက်စင် လွဲတာပါပဲ။ သိပ်သဘောကောင်းပြီး ခေတ်မှီလွန်းတဲ့ ကိုကို့အမေက Gulf ကို အများကြီး အကဲခတ်ပြီးနောက်မှာ နွေးနွေးထွေးထွေးကြိုဆိုပေးခဲ့တယ်။ ပြီးတော့ ကိုကို့အဖေအသစ်နဲ့ ညီလေး ညီမလေးတွေက အစပေါ့။

ဘာမင်ဂမ်မရောက်ခင် လန်ဒန်မှာ အိပ်ခဲ့ရတဲ့ တစ်ညတာလေးဟာ ကိုကို့ကို လွမ်းဖို့မေ့နေလောက်အောင် မိသားစုအသစ်လေးနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရတယ်။ အချိန်တိုအတွင်း ရင်းနှီးကျွမ်းဝင်သွားတဲ့ ကိုကို့ ညီလေးနဲ့ ညီမလေးကတော့ သူ့အတွက် ဆုလာဘ်ပေါ့။ ဒီခံစားချက်ကို ဘယ်လိုပြောရမလဲတော့မသိ။ မိသားစုထဲ အငယ်ဆုံးအဖြစ် အချိန်အကြာကြီး နေခဲ့ရသူမို့ ညီလေး၊ ညီမလေးတွေရှေ့ လူကြီးလုပ်နေရတာကို ကျေနပ်နေသလို၊ ပြီးတော့ ကြည်နူးနေသလို၊ ထူးထူးဆန်းဆန်း ခံစားချက်က သူ့ကို မြောက်ကြွ မြောက်ကြွ ဖြစ်စေတဲ့အထိ။

"WHAT'S WRONG WITH INTERN GULF"(COMPLETED)Nơi câu chuyện tồn tại. Hãy khám phá bây giờ