"EPISODE 8"(UNICODE+ZAWGYI)

18.6K 1.2K 61
                                    


UNICODE

ရုံးရောက်ထဲက ပတ်ချောင်းနေရင်း မနေနိုင်တဲ့အဆုံး အလုပ်ရှုပ်နေတဲ့ Phi Earth နားကို ဖြေးဖြေးချင်း လျှောက်သွားမိသည်။ ဒီတစ်ပတ် ကျောင်းက Evidence အနေနှင့် စီနီယာတစ်ယောက်ဆီက လက်မှတ်နှင့် မှတ်ချက်ကို တောင်းခိုင်းလိုက်သည်။

"Phi Earth အလုပ်ရှုပ်နေလားဗျ.."

"အင်း သိပ်မရှုပ်ဘူး.. လာလေ။ ညီ မေးစရာရှိလို့လား.."

"Reportအတွက် ကျောင်းက တောင်းခိုင်းလို့ပါ။ အထက်စီနီယာရဲ့လက်မှတ်နဲ့ မှတ်ချက်..လိုလို့ဗျ..ကျွန်တော် Phi Earthဆီက ရနိုင်မလားလို့.."

"ကိုယ်ရေးပေးမှ ဖြစ်မှာလား။ ဘယ်စီနီယာဖြစ်ဖြစ် ရလား.."

"ဘယ်စီနီယာဖြစ်ဖြစ် ရပါတယ်..ကျွန်တော်က Phi Earth ဆီက ရချင်တာကြောင့်ပါ.."

"အိုကေ..ဒါဆိုရင်တော့ ကိုယ်က စာမေးပွဲစစ်ဦးမှာကွ..ဖြေနိုင်မှရမယ်..ဘယ်လိုလဲ လက်ခံလား.."

"ရပါတယ် Phi Earth ကျွန်တော်လည်း Challenge တွေ ကြိုက်တယ်.."

"အိုကေ.. Canteenဘက် ခဏသွားရအောင်။  အစ်ကို ကော်ဖီဝယ်တိုက်မယ်.."

"ဟုတ်ကဲ့ဗျ.."

<<<<<<<>>>>>>>

အလုပ်ကိစ္စနဲ့ Mew..ဖုန်းပြောပြီးနောက် လိုက်ကာတွေကို ဆွဲဖွင့်လိုက်တာနဲ့ လျှောက်လမ်းမှာ စကားပြောရင်း ပခုံးဖက် လျှောက်သွားတဲ့ နှစ်ယောက်ကို မြင်တော့ စိတ်ဟာ ချက်ချင်း နောက်ကျိသွားတယ်။

ဌာနတူတော့ ရင်းနှီးဖို့က လွယ်သည်မဟုတ်လား။ သူ့မှာသာ အိန္ဒြေကြီး တစ်ခွဲသားနဲ့ အကြောင်းအရင်းမရှိရင် ချာတိတ်ကို ခေါ်မတွေ့ရဲပဲ..တစ်ရုံးထဲ အတူနေရင်း ဝေးနေရသည်။

ချောင်းကြည့်ရအောင်လည်း ချာတိတ်ဌာနနဲ့ သူ့ရုံးခန်းက ဝေးနေပြန်သည်။

ချာတိတ်ကို...တခြားသူနဲ့ ခုလို ရင်းရင်းနှီးနှီးမြင်ရတော့ သူ တကယ်ကို Earth နဲ့ နေရာချင်း လဲချင်သည်။ 

ကိုယ့်ဘာသာ တကယ်ကို မစမ်းစစ်ရဲတဲ့ ခံစားချက်တချို့နဲ့ နေ့စဉ် လွမ်းနေမိတာက ဒီတလော အတော်ဆိုးလာသည်။

&quot;WHAT'S WRONG WITH INTERN GULF&quot;(COMPLETED)Where stories live. Discover now