"EPISODE 40"(UNICODE+ZAWGYI)

10.1K 901 90
                                    

UNICODE

အိမ်ကို ခြေချပြီးထဲက မူမမှန်ပဲ စိမ်းသက်နေတဲ့ လေထုကြောင့် ကျောရိုးတလျှောက် စိမ့်ခနဲ။ မိုးပြေးလေးကလည်း ဖြန်းခနဲ လာပက်နေတာမို့ ရှိရင်းစွဲအကြောက်တရားတို့ကို ပံ့ပိုးပေးနေသယောင်။ မောင်းတင်လာသမျှ စိတ်တို့ဟာ အိမ်ရှေ့ရောက်မှ နောက်ကြောင်းကို ပြန်လှည့်ပြေးချင်လာမိသည် အထိ။

ဟေ့ရောင် Gulf မင်း ယောကျ်ား မဟုတ်ဘူးလား၊ ခုမှ ဘာဖြစ်နေတာလဲ လုပ်ရဲရင် ခံရဲစမ်းကွာ။

ကိုယ့်ဘာသာ အထပ်ထပ် ကြောက်စိတ်ဖြေရင်း အိမ်လေးထဲ လှမ်းဝင်လိုက်တော့ Mae က ပြာပြာသလဲ ထွက်ကြိုသည်။

"လူကလေး..သားရယ် Mae လွမ်းနေခဲ့တာ.."

"ကျနော်ရော၊ ကျနော်ရော လွမ်းပါတယ် Maeရယ်.."

ပြန်ဖြေသံက နည်းနည်းတော့ မူမှန်နေမယ် မထင်။ မိုးမိလာတဲ့ သူ့ကို ပူပန်နေတာနဲ့တင် Mae ကလည်း သူ့သွင်ပြင်ကို သတိထားမိပုံမရ။

"ကဲ..မိုးတွေလည်း စိုကုန်ပြီ အိမ်ထဲ တန်းမဝင်ဘူး သားလေးရယ်။"

"Mae ဒါနဲ့လေ၊ Pho နဲ့ Phi San ရော။"

"Pho ကတော့ စာကြည့်ခန်းထဲမှာ ရှိတယ်။ သားအစ်ကိုကတော့ ဘာအရေးကြီးလည်း မသိဘူး ချင်းမိုင်ဘက် အလျင်စလို ထွက်သွားတာ မနက်ကထဲက၊ ဒီညနေ Flight နဲ့ ပြန်လာမယ်တော့ ပြောတယ်.."

"အိမ်မှာ ဘာထူးသေးလဲဟင်.."

"ဘာကို ဘာထူးရမှာလဲ မေ့သားလေးရယ်၊ ထူးတာဆိုလို့ Maeတို့ မိသားစုလေး စုံနေတာပဲ ရှိတယ်။"

ပေါ့ပါးနေတဲ့ Mae အဖြေကြောင့် အနည်းငယ် စိတ်အေးသွားတာကိုတော့ ဝန်ခံရမယ်။ တကယ်ဆို ကျွန်တော် အတွေးလွန်တာလည်း ဖြစ်နိုင်တာပဲလေ။

"ဪ.. ဟုတ်ကဲ့ Mae။ ဒါဆို သား အိမ်ထဲ ဝင်တော့မယ်နော်.."

"ဪ ဒီကလေး ကိုယ့်အိမ်ကိုယ့်ယာ ပြန်လာတာ..ဧည့်သည်ကျနေတာပဲ.."

နောက်နားဆီက ထွက်လာတဲ့ Mae အသံကြောင့် အိမ်ပေါ်တက်နေရင်းနှင့် ပြုံးလိုက်မိသည်။ ရေမိုးချိုး အဝတ်စားလဲပြီးမှ Pho ကို သွားချွဲလိုက်ပါတော့မယ်။

"WHAT'S WRONG WITH INTERN GULF"(COMPLETED)Where stories live. Discover now