"EPISODE 7"(UNICODE+ZAWGYI)

16.8K 1.2K 39
                                    

UNICODE

"ဟိတ်.. ချာတိတ် ဟေ့..ဟေ့ ထတော့။ Location အချက်ပြက ရောက်နေပြီ အိမ်က.. ဒါလား"

ရှေ့ကမြင်နေရတဲ့အိမ်ကို မေးငေါ့ပြရင်း မေးလိုက်တော့..

"ဟင်.. အိမ်တောင်ရောက်ပြီ။ ခင်ဗျား မောင်းတာအတော်မြန်တာပဲ.."

ပြောရင်း Gulfက လက်ကနာရီကို ငုံ့ကြည့်၏။

"ဟမ်..အချိန်လည်း..မနည်းတော့ဘူး။ မိုးက သည်းတုန်းပဲ ..ခင်ဗျား..ပြန်ဖို့ အဆင်ပြေပါ့မလား"

"အင်း.. ကိုယ်ကရပါတယ်"

"ဒါဆိုလည်း..ရောက်လက်စနဲ့.. အိမ်ထဲ ခဏ ဝင်ပါဦး။ Maeနဲ့ မိတ်ဆက်ပေးမယ်..ရေလေးဘာလေး သောက်သွားဦး.. ကျွန်တော်လည်း ခင်ဗျားလိုပဲ ကျေးဇူးကြွေး အတင်မခံချင်လို့"

Gulfအပြောကို Mewက သဘောကျသလိုပြုံးရင်း.........

"အိုကေပါ.. ကိုယ်..အိမ်ထဲလိုက်ခဲ့မယ်"

"Mae ရေ ...Pho နဲ့ Phi Sanရေ လူကလေး အိမ်ရောက်ပါပြီ"

လူကလေးတဲ့လား..မောင်ကျောင်းသားရဲ့..ချစ်စရာကောင်းတဲ့ အသံတီတီတာတာလေးက ထိုအိမ်လေးထဲမှာလျံလို့.......

"ဟယ် သားငယ်လေး ပြန်ရောက်....ဩ..ဧည့်သည်ပါလာတာပဲ..သားတို့ မိုးစိုလာသေးလား ..Mae က မိုးရွာလာလို့ လူကလေးကို စိတ်ပူနေတာ...အခုတော့ အဖော်နဲ့ဆိုတော့ တော်သေးတာပေါ့.."

"Mae ဒါက.. ကျွန်တော့်ရဲ့..."

မိတ်ဆက်ပေးဖို့ လုပ်ပြီးမှ ဘယ်လိုမိတ်ဆက်ပေးရမလဲ ဇဝေဇဝါဖြစ်သွားပုံနှင့် သူ့ ကို‌ လှမ်းကြည့်တာကြောင့် မျက်စိမှိတ်ပြပြီး ခေါင်းအသာရမ်းပြလိုက်မိသည်။

ဟုတ်တယ်မို့လား။ သူဌေးလို့ သိသွားရင် ချာတိတ်မိဘတွေက လွပ်လွပ်လပ်လပ် စကားပြောနိုင်တော့မည်မဟုတ်။ အနည်းငယ်ရှိန်၍..အားနာနေကြလိမ့်မည်။

"မင်္ဂလာပါ အန်တီ။ ကျွန်တော်က ညီလေး ကျောင်းက စီနီယာပါ..ညီလေး အခု Intern ဆင်းနေတဲ့ companyကပါ ခင်ဗျာ"

"ဪ.. မင်္ဂလာပါ..သားရေ လူကလေးရဲ့ စီနီယာတဲ့လား....ကြည့်ပါဦး Mae သားလေးက တော်လိုက်တာ။ ပေါင်းသင်းဆက်ဆံရေးတွေ တိုးတက် ကောင်းမွန်လို့ပါလား...သားလည်း အိမ်မှာပဲ အိပ်သွားမယ်မလား။ မိုးတအားသည်းနေတယ်.. အထွေအထူးမရှိရင် အိပ်သွားပါသားရေ..ခဏနေရင် အပြင်ထွက်ပြီး မွေးနေ့ကိတ်သွားဝယ်တဲ့ သားဖနှစ်ယောက်လည်း ပြန်လာတော့မယ်။ ဒီနေ့က သားကြီးရဲ့ မွေးနေ့ ရှိနေတာသားရဲ့"

"WHAT'S WRONG WITH INTERN GULF"(COMPLETED)Where stories live. Discover now