"EPISODE 3"(UNICODE+ZAWGYI)

21.3K 1.5K 42
                                    

UNICODE


ဒီနေ့က ဗုဒ္ဓဟူးနေ့ ။ တစ်ပတ်အတွင်း ရုံးတက်ရက်ရဲ့ နောက်ဆုံးရက်ဖြစ်ပြီး ပထမဆုံးအနေနဲ့ ဆိုက်ထဲလိုက်ပြီး အတွေ့အကြုံယူရမှာမို့ အနည်းငယ် စိတ်လှုပ်ရှားနေမိတယ်။

"Gulf ရေ..File တွေပြင်ပြီး ကားပေါ်တင်ထားမောင်လေး အစ်မတို့အဖွဲ့ ခဏနေရင် ထွက်မယ်.."

"ဟုတ်ကဲ့..အစ်မ"

အစ်မ Pam ကို ခပ်သွက်သွက်ဖြေပြီး ယူသွားဖို့ ပြပေးထားတဲ့ Drawing Fileတွေကို သေချာစစ်ဆေးတယ်။ ပြီးတော့မှ အိတ်ထဲ သေချာစီထည့်လိုက်တယ်။

မေ့မကျန်ဖို့ သတိထားရမယ်။ ဒီက စီနီယာတွေက လူမှုရေးပိုင်းအားလုံးကောင်းကြပေမဲ့ အလုပ်နဲ့ပတ်သက်ရင် တကယ်မရ။ ပြင်းပြင်းထန်ထန်ကိုင်တွယ်တတ်ကြတယ်။

ဟိုရက်က Technoဆိုတဲ့ကောင် အမှားနဲနဲလုပ်မိရာက အမြဲသဘောကောင်းနေတဲ့ သူတို့ဌာနက စီနီယာက Technoကို ဆူလိုက်တာ ကိုယ်တိုင် မြင်လိုက်တာမို့ စိတ်ထဲ အနည်းငယ် စိုးထိတ်နေမိတာ အမှန်။

တစ်ခါတလေမှာ မရည်ရွယ်ပဲ အမှားတချို့ကို သူက ကျုးလွန်နေကြမဟုတ်လား။ ဘာပဲဖြစ်ဖြစ် ဒီနေရာက လာချင်တိုင်းလာပြီး Intern ဆင်းလို့ရတဲ့ အညတရနေရာတစ်ခု မဟုတ်တာတော့ ဝန်ခံရမယ်။

သူတို့တွေ ရင်းနှီးတဲ့အကပ်နဲ့ ရောက်လာတာတောင် ဝင်ခွင့်စာမေးပွဲထပ်ဖြေပြီးမှသာ အလုပ်သင်ဆင်းခွင့်ရတဲ့ တစ်ခုတည်းသော Jongcheveevat Co., Ltd ပဲ မဟုတ်လား။

Jongcheveevat Co., Ltdဆိုတာကလဲ အင်ဂျင်နီယာလောင်းလျာတိုင်း Internship ဆင်းချင်ကြတဲ့ ထိုင်းနိုင်ငံရဲ့ ကုမ္ပဏီတွေထဲက စံထားလို့ရတဲ့ အိပ်မက်နေရာတစ်ခုပဲ မဟုတ်လား။

<<<<<<<>>>>>>>

..အကြိမ်ကြိမ်လွဲမှားခြင်းများ၏ အစ..

ထိုင်းနိုင်ငံရဲ့ နေ့အပူရှိန်က သွေးတိုးစမ်းကြည့်ချင်စရာ မကောင်းအောင်ကို ပူပြင်းနေတယ်။ ရုံးကနေ ၃နာရီလောက်မောင်းရတဲ့ Chai Natဘက်က Construction Siteကို ရောက်တော့ မနက် ၁၁နာရီမှာ အပူရှိန်က ဦးခေါင်းတည့်တည့်ကို ချိန်ပစ်နေသလို။

&quot;WHAT'S WRONG WITH INTERN GULF&quot;(COMPLETED)Where stories live. Discover now