"EPISODE 35"(UNICODE+ZAWGYI)

16K 1K 149
                                    


UNICODE (MATURE SCENE ALERT🔞+)


"Boss..."

"အင်း ပြောလေ Bosser.."

"ကျွန်တော် တောင်းပန်ပါတယ်.."

ခုနထဲက နောက်ကနေ တောက်လျှောက်ပါလာတဲ့ Bosserက ရုံးခန်းထဲ ရောက်တာနဲ့ စကားစလာသည်။

"ဟမ် ၊ မင်းက ဘာလို့လဲ.."

"ခုန Gulf Kanawut ကိစ္စပါ ၊ အဲ့ကလေးက ကျွန်တော့်သူငယ်ချင်း ညီလေးဆိုတော့ ကျွန်တော့်ညီလေးလိုပါပဲ ၊ ငယ်ငယ်ထဲက မြင်ဖူး၊ ရင်းနှီးဖူးတာမို့ ကျွန်တော့်စိတ်ထဲ မကောင်းလို့ပါ။ ဟိုလေ သူဌေးကိုယ်တိုင် ဆူလိုက်ရင် နည်းနည်းလန့်သွားမယ် ထင်တယ် ၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဆီပဲ ခဏလောက် ပို့လိုက်ရင်ရော Boss.."

ခုန ချာတိတ်ကို သူဟောက်လိုက်တာ Bosser လည်း မြင်လိုက်သည်မို့ ဘုမသိ ၊ ဘမသိဖြင့် ကြားကနေ ဝင်တောင်းပန်တာမို့ Mew ရယ်ချင်လာမိသည်။

ခွေးကောင်လေးဟာ လူချစ် လူခင် တကယ်ပေါပါသည်။ သူ့ကိုယ်သူသာ သိမနေတာ အဲ့ကလေးကိုဆို ကာကွယ်ပေးချင်တဲ့ လူတွေက ဒုနဲ့ဒေး။ သူများတွေ ရှေ့မှာ ချာတိတ်ကို ဟောက်လိုက်တာ Earthသိရင်လည်း လွယ်မည်မဟုတ် ၊ သူ့ကို လာတောင် သတ်မလား မသိ ။

အတွေးနဲ့ တစ်ချက် ပြုံးရင်း Bosser ကို ကြည့်လိုက်တော့ မျက်နှာငယ်နှင့် သူ့အနားမှာ ရပ်နေသေးသည်။

"ကောင်လေးက အဲ့လောက် အဆိုးအသွမ်းလေးတော့လည်း မဟုတ်ပါဘူး Boss ရယ်.. ခုန ဒီဇိုင်းဌာနက Phi Mak ကလည်း နည်းနည်း ပစိပစပ်များတယ်လို့ နာမည်ကြီးပြီးသားပါ..ဟိုလေ.."

"အေးကွာ ၊ ထားပါတော့။ မင်းက အာမခံနေပေမဲ့ ကိုယ်ကတော့ နေ့လည်ကျ စကားပြောမှကို ဖြစ်မှာ.. စိတ်မပူပါနဲ့ အဲ့ကလေးအပေါ် ကိုယ်က ညင်သာမှာပါ.."

"ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ပါ Boss ကျေးဇူးပါခင်ဗျ.."

ခပ်ကုတ်ကုတ်နဲ့ Bosser ထွက်သွားမှ မနေ့က ဆရာဝန်ပေးထားတဲ့ ဆေးတစ်ထုပ်ကို ဖောက်သောက်ရင်း ပြုံးနေမိတာကို ရပ်မရ။

ခွေးကောင်လေး ကိုကိုက မင်းးကို ကျိန်းသေ ညင်သာမှာပါကွ ၊ ဟား ဟား ဟား..

"WHAT'S WRONG WITH INTERN GULF"(COMPLETED)Where stories live. Discover now