"EPISODE 42"(UNICODE+ZAWGYI)

9.9K 948 63
                                    

UNICODE

မနက်စောစောရုံးရောက်တာနဲ့ ဆေးသောက်ဖို့ ဘူးကို ဖွင့်လိုက်တော့ မြင်လိုက်ရတာ ဆေးဘူးထဲမှာ နောက်ဆုံး လက်ကျန် တစ်လုံးထဲ။

"Bosser.."

"Bosser.."

စိတ်နဲ့လူနဲ့ မကပ်ပုံများ Bosserကို ဘဲလ်တီးပြီး ခေါ်ရမည့်အစား အလုပ်စားပွဲကြီးကို တဒုန်းဒုန်း ထုပြီး ခေါ်နေရင်းမှ ခပ်အက်အက် ထရယ်မိသည်။ ရုပ်နှင့်နာမ်ဟာ အကွဲကွဲ၊ အလွဲလွဲ။

ဘဲလ်တီးသံ ဆုံးပြီး သိပ်မကြာခင် Bosser တစ်ယောက် ရုံးခန်းထဲကို ခပ်သုတ်သုတ် ဝင်လာသည်။

"ဟုတ်ကဲ့ Boss.."

"ကိုယ့်ကို ဆရာဝန်ဆီက စိတ်ငြိမ်ဆေး တောင်းပေးပါဦး.."

သူ့စကားကြောင့် Bosserက သက်ပြင်းတစ်ချက် ရှိုက်ရင်းက..

"ဒီအတိုင်း မရပါဘူး Boss ။ ညနေကျ ကျွန်တော်နဲ့ ဆေးခန်း အတူ သွားရအောင်ပါ.."

"ဒီအတိုင်း ဆေးပဲ တောင်းပေးစမ်းပါကွာ.."

"မဖြစ်ပါဘူး။ Bossကိုကြည့်ရတာ မျက်တွင်းတွေလည်း ကျနေတယ်။ ခရီးက ပြန်လာကတည်းက နားပုံလည်း မရဘူး ။ ညည အိပ်ပါရဲ့လား။ ပြီးတော့ အရက်တွေ သောက်နေတယ်ဆို.. အဖွဲ့မှုးဆီက ကြားပါတယ်။ ဘာတွေများ အဲ့လောက်..... ...."

စိုးရိမ်တကြီးပြောနေတဲ့ Bosserရဲ့ စကားက မဆုံးလိုက်။

"ကျွတ်စ်.....ကိုယ့်ကို တရားတွေ မဟောပါနဲ့။ ကိုယ် ဒီတလော ထိလွယ်၊ ရှလွယ်ဖြစ်နေတယ်။ အဲ့တော့ မင်းတို့ကို အော်ငေါက်မိနိုင်တယ်။ ဒါကြောင့် ကိုယ်ခိုင်းတာပဲ လုပ်ပါ.."

"ဟုတ်ကဲ့ နားလည်ပါပြီ။"

" ဒါနဲ့ ဒီဇိုင်းဌာနမှာ အလုပ်လုပ်တဲ့ ချာတိတ် Technoဆိုလား။ သူ ရုံးတက်လား။"

"သူတို့ တစ်ဖွဲ့လုံးနားသွားပါပြီ Boss.."

"ဪ နားတောင် နားသွားပြီလား.."

သူဌေးအသံက မျှော်လင့်ချက်တွေ ပျက်သုန်းသွားသလို...

"ကျောင်းလည်းပြီးကြပြီဆိုတော့ နားကြတယ်ထင်ပါတယ်။ ဒါနဲ့ ကိစ္စရှိပါလား Boss.."

"WHAT'S WRONG WITH INTERN GULF"(COMPLETED)Where stories live. Discover now