"EPISODE 23"(UNICODE+ZAWGYI)

15.2K 1K 62
                                    

UNICODE


"သားကြီး အဆင်ပြေလား ဘယ်လိုလဲ သက်သာလား.."

"သက်သာတယ် Mae..ဟိုက အလုပ်ကိစ္စတွေရော အကုန်..အဆင်ပြေခဲ့ရဲ့လား.."

"မပြေစရာဘာရှိလဲ သားရယ်..ဒါတွေက Mae ကျွမ်းကျင်ပြီးသားအလုပ်တွေပဲ ကိုယ့်အမေကို အထင်မသေးပါနဲ့ သားကြီးရာ.."

Mae က ခပ်ဟဟရယ်ရင်း စနောက်နေတာမို့ စိတ်မပါပေမဲ့ သူ လိုက်ရယ်နေရ၏။ ထိုင်းက သတင်းတွေနဲ့ အဆက်အသွယ် ဖြတ်ထားရတာ တစ်လကျော်ပြီ..Social Mediaကအစ မသုံးဖို့ Maeက ပြင်းပြင်းထန်ထန် တားမြစ်ထားတာမို့ Mae အိမ်မှာနေရင်း Mae စည်းကမ်းကို အတိအကျ လိုက်နာရသည်။

တကယ်ဆိုရင် တစ်စုံတစ်ယောက်ကို မတွေ့ရပဲ အသက်ရှင်နေထိုင်ရခြင်းဟာ ဗလာသက်သက်ပါပဲ..

ရှင်သန်နေထိုင်ခြင်းရဲ့ အဓိပ္ပါယ်လေးနဲ့ ဝေးတော့ ကိုယ့်ညတွေက ပိုပြီး ရှည်လျားနေတယ် ကလေးရယ်..

"သားကြီးဗိုက်က ဒဏ်ရာကရော အခြေအနေ ဘယ်လိုလဲ.."

"သက်သာတယ် Mae.. Nurseက သေချာ ဂရုစိုက်ပေးပါတယ်.."

"Mae သားကိစ္စတွေကို Bosser နဲ့ Earthကိုတောင် အသိမပေးထားဘူး...သားလည်း သဘောပေါက်မှာပါ Mae တို့က အနေအထားတစ်ခုထိ ရှောင်ဖို့ လိုသေးတယ်ဆိုတာ..နောက်တစ်ခု သားကအခု အားနည်းနေတဲ့ အချိန်ဆိုတော့ အမှားအယွင်း တစ်ခုခုထပ်မဖြစ်စေချင်ဘူး အဲ့လိုဆို Mae ရင်ကျိုးရမှာ.."

"ဒါပေမဲ့ Mae ရယ် ကျွန်တော် ထိုင်းကို အမြန်ပြန်ချင်တယ်။ ကျွန်တော် အမြန်ပြန်ရမဲ့ အကြောင်းပြချက်က ကျိန်းသေရှိတာမို့ အဲ့တာက ဘဝတစ်ခုနဲ့ ဆိုင်နေတာမို့ပါ.."

"Jongcheveevat Co.,Ltd ကို ပြောနေတာလား သား..အဲ့တာက သားရဲ့ ချွေးတွေ သွေးတွေနဲ့ တည်ဆောက်ထားတာကို Mae မသိပဲ နေမလားသားရယ်..ဒါကြောင့်လည်း Mae ဒီလို အပင်ပန်းခံပြီး သားကို ကူညီပေးတာပေါ့..စိတ်ချ သားရဲ့ ကုမ္ပဏီ ဘယ်တော့မှ ပြိုလဲမသွားစေရဘူး..အဲ့တာ Mae ပေးနိုင်တဲ့ကတိပဲ ငါ့သား.."

ဒါက အချစ်ကြောင့် အချစ်က အသက်လောက်ဖြစ်နေတာမို့၊ မဟုတ်သေးဘူး အချစ်က အသက်ထက်တောင် အရေးကြီနေတာမို့၊ ကလေးနဲ့ ဆက်ပြီး ခွဲရဦးမယ်ဆိုရင် ရှင်သန်နေထိုင်ရခြင်းက အဓိပ္ပါယ်မရှိတာကြောင့်ဆိုတာ ..Mae ကို ဘယ်လိုပြောရပါ့မလဲ။

"WHAT'S WRONG WITH INTERN GULF"(COMPLETED)Wo Geschichten leben. Entdecke jetzt