"EPISODE 50"(UNICODE+ZAWGYI)

11.5K 1.1K 150
                                    

UNICODE

ဒီတစ်ခေါက်ကိစ္စတွေ ပြီးစီးသွားတဲ့နောက်မှာ သူတို့အတွက် တကယ်ကို ရွှေရောင်နေ့ရက်တွေ ရောက်ရှိလာပါတယ်။ Mewကတော့ အလုပ်တွေ ဖိလုပ်လိုက် ညနေတိုင်း Ratchaburi ကို ပြေးလိုက်နဲ့ မမောပန်းနိုင်တဲ့ အားအင်တွေကလဲ သူ့ရင်ထဲ မပြတ်စီးဆင်းနေခဲ့တယ်။

ဘယ်လောက်ပဲ တစ်နေကုန်..အလုပ်တွေများနေပါစေ.. ညနေ ၄ နာရီနောက်ပိုင်းတိုင်းမှာ ချစ်သူရှိရာအရပ်ဆီ သူက တိတိကျကျ မျက်နှာမူပါတယ်။

Gulfကလဲ ညနေတိုင်း အပြေးရောက်လာမဲ့ ချစ်သူကို နာရီသံတစ်ချက်ကြားတိုင်း နားစွင့်ရင်း မျှော်နေမိတာ ပုံမှန်အလုပ်တစ်ခုလို ဖြစ်လာတယ်။

ညနေတိုင်း အထက်တန်းကျောင်းလေးထဲ ဘောလုံးကန်တတ်တဲ့ ကောင်လေးက ကစားလို့ပြီးတဲ့အချိန်မှာ ချစ်သူရောက်လာချိန်ဟာ ကွက်တိ။

ချွေးတွေစိုရွဲနေတဲ့ ပေစုတ်စုတ်ကောင်လေးကို အနောက်တိုင်းဝတ်စုံအပြည့်နဲ့လူက မြတ်နိုးမဝသလို နေ့တိုင်း ထိုင်ငေးနေကျ။

နေ့တိုင်း တွေ့နေကြတာမို့ ပြောစရာစကား များများစားစားလဲ မရှိကြပဲနဲ့..တချို့နေ့တွေဆို ရောက်တတ်ရာရာတွေပြောကြရင်း..တစ်ယောက်က ရယ်မောနေတာကို တစ်ယောက်က တိတ်တဆိတ် ထိုင်ငေးရင်းသာ အချိန်ကုန်လေ့ရှိပြန်တယ်။

Gulf ရဲ့ ငယ်သူငယ်ချင်းတွေဆို ဒီမြင်ကွင်းကို အသည်းယားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့နှစ်ယောက်အနား ဘယ်တော့မှ ကြာကြာမနေရဲ။

Audi ကားကြီး အထက်တန်းကျောင်းရှေ့ ဆိုက်လာတာနဲ့ တစ်ချိုးထဲ ထွက်ပြေးကြတဲ့ သူငယ်ချင်းတွေကို ကြည့်ပြီး သူတို့နှစ်ဦးကတော့ ရယ်မောနေမိတာပဲ။

Gulf မိခင်ကလဲ အိမ်မှာ မုန့်လုပ်စားတဲ့နေ့မျိုးဆို သမက်လောင်းအတွက် ဘူးလေးထဲ မုန့်တွေအပြည့် ထည့်ပေးတတ်တယ်။ ထိုအခါမျိုးဆို အထက်တန်းကျောင်းထဲက သစ်သားခုံတန်းကြီးပေါ်မှာ နှစ်ယောက်သား မုန့်တွေ ပလုတ်ပလောင်းစားလိုက်..ရယ်လိုက်နဲ့ပါပဲ။ ပျော်ရွှင်မှုကဘာလဲဆိုတာကို..အတူတကွ ခံစားရတဲ့နေ့ရက်တွေပေါ့။

"WHAT'S WRONG WITH INTERN GULF"(COMPLETED)Where stories live. Discover now