"EPISODE 39"(UNICODE+ZAWGYI)

10.2K 898 74
                                    

UNICODE

ကျောင်းကိစ္စက Final အနေနှင့် လက်စသတ် စာတမ်းကို ဒီနေ့ တင်ပြီးခဲ့ပြီမို့ လက်တွေ့လုပ်ရမည့် တချို့အပိုင်းလေးတွေ အနည်းငယ်သာ ကျန်တော့သည်။

အနာဂတ်အတွက် Carrier ရွေးချယ်မှု့အပိုင်းနှင့် ပတ်သတ်ပြီး Professor ရှင်းပြနေတာကို နားထောင်နေရင်းက မကြာခဏ ဖုန်းကိုပဲ ငုံ့ငုံ့ ကြည့်နေမိတယ်။ ကိုကို ခုတလော အလုပ်ပြန်ရှုပ်နေပြန်ပြီ ထင်ပါရဲ့။

ဒီရက်ပိုင်းတွေအတွင်း တစ်နေလုံးကုန်မှ ၅မိနစ်လောက် ဖုန်းပြောရဖို့ကို မနည်း အချိန်လုနေရတယ်။ ညဘက်ကျတော့လည်း ပင်ပန်းနေမှာမို့ အလိုက်တသိ သိပ်ဂျီမကျဖြစ်။ ဘာလိုလိုနဲ့ ကိုကိုတောင် ရုံးပြန်တက်တာ တစ်လကျော် ရှိခဲ့ပြီ။

ကိုကို့အမေ ပြန်သွားပြီးနောက်မှာ ကိုကိုက သူ့ကွန်ဒိုကို ပြန်ပြောင်းလာဖို့ ကမ်းလှမ်းလာခဲ့ပေမဲ့ တကယ်တမ်းကျ အဲ့လို ရူးမိုက်လို့မရဘူးဆိုတာ ကျနော်တို့ နှစ်ယောက်လုံး သိနေခဲ့တာပဲလေ။

ကမ်းလှမ်းလာတာကို ကျနော်က ငြင်သာစွာ ငြင်းပယ်ပေမယ့် ကိုကိုကလည်း ဇွတ်တိုးပြီး မတောင်းဆိုခဲ့ပါဘူး။ အကယ်၍ အတူပြန်နေဖြစ်ခဲ့ရင်တောင် ကျောင်းကပြီးတော့မှာမို့ အိမ်မှာ ပြန်နေရဦးမှာနှင့် အလုပ်ပြန်ဝင်ရဖို့ကြားထဲ ကျနော်တို့ ပြန်ပြီး ခွဲရဦးမှာပဲ မဟုတ်လား။

တကယ်တော့ ကိုကိုက သူ့ဘဝမှာ ရှင်သန်ဖို့ လိုသလို၊ ကျနော်ကလည်း ကျနော့်ဘဝအတွက် ပျံသန်းရဦးမှာလေ။ အမြဲအတူတကွဆိုတာကတော့ တောင်ပံတစ်စုံ ပြည့်မှသာ ဖြစ်နိုင်မဲ့ အိပ်မက်တွေပေါ့လေ။

"တောင်.."

စဉ်းစားနေတုန်း ဖုန်းထဲ စာတိုလေး ဝင်လာတာမို့ လှိုက်ခနဲ ဝမ်းသာသွားမိသည်။

ကိုကို့ဆီက အထင်နဲ့ ငုံ့ကြည့်လိုက်တော့..Phi San ဆီက ဖြစ်နေတယ်။

Gulf ..အိမ်ကိုပြန်မလာတာ ကြာပြီဆို၊ ကျောင်းကိစ္စတွေရော ပြီးသလောက်ရှိရောပေါ့။ ဒီပိတ်ရက် အိမ် ပြန်လာခဲ့ပါ.. Phi ရော Daddy ပါ အိမ်ပြန်ရောက်နေကြတယ်..

စာတိုလေးကို ဖတ်ပြီး ပင့်သက်မောကို ရှိုက်မိသည် ၊ ကြောက်တာရော၊ စိတ်ရှုပ်တာရောကြောင့် တမင်ပေကပ်ပြီး အိမ်ကို မပြန်ဖြစ်ခဲ့တာ။ Mae ဖုန်းဆက်ပြီးခေါ်ရင်တောင် စာတမ်းအချောသတ်ဖို့အတွက် အလုပ်ရှုပ်နေတယ်ချည်း ပြောပြီး ငြင်းခဲ့တာ၊ ခုတော့ ဆင့်ခေါ်စာတောင် ရောက်လာပြီမို့ အရူးကွက် ဆက်နင်းပြီး နေလို့မရတော့။

"WHAT'S WRONG WITH INTERN GULF"(COMPLETED)Where stories live. Discover now