"EPISODE 36"(UNICODE+ZAWGYI)

12.1K 930 120
                                    

UNICODE

ဒီနေ့ တစ်နေ့လုံး မိုးက တမြေ့မြေ့ရွာနေသည်။ Mae ကို လေဆိပ်ပို့ပြီး ပြန်ရောက်ထဲက ချမ်းစိမ့်စိမ့်ခံစားလာရတာကြောင့် Mew တစ်ယောက် ရုံးခန်းထဲက Air Conကို အတက်နိုင်ဆုံး လျော့လိုက်ရင်း ပြတင်းပေါက်နား သွားရပ်နေမိသည်။

Mae မပြန်ခင် မှာသွားသည့် Puifai နဲ့ကိစ္စကို တွေးမိတော့ နွမ်းလျသွားရသည်။ Maeကလည်း ထိုကိစ္စကို အလျော့ပေးမည့်ပုံ ပေါ်မနေပါ။

ဟိုတွေးဒီတွေးနှင့် လက်က နာရီကို ငုံ့ကြည့်လိုက်တော့ နေ့လည် တစ်နာရီ ထိုးလုပြီ။ ဆေးလိပ်သောက်ချင်လာပေမဲ့ Smoking area နားကို မသွားဖြစ်။ ဒီအချိန်က နားချိန်ကြီးမို့ ထိုနေရာမှာ လူတွေ များနေပေဦးမည်။

ချာတိတ်လေးရော ထမင်းစားပြီး အနားယူနေမလား တွေးမိတော့ ဖွဖွပြုံးမိရသေးတယ်။ ဟုတ်တယ်မို့လား ကလေးက မနေ့က သူ့ကြောင့် နေ့လည်စာ လွတ်သွားခဲ့ရတာ။

ဒီနေ့လည်း တစ်မနက်လုံး အပြင်ရောက်နေခဲ့တာမို့ မျက်နှာလေးကို ခုထိ မတွေ့ရသေးပေ။ ဒီလိုနားချိန်မျိုးလေး အနားကို ခေါ်ထားချင်ပေမဲ့ ကလေးက အကြောင်းရင်းမရှိပဲ သူ့ရုံးခန်းဆီ ခဏခဏ ဝင်ထွက်ဖို့ကြတော့ ပတ်ဝန်းကျင် အမြင်က ရှိသေးတယ်မို့လား။

Bosser ပြင်ဆင်ထားပေးသည့် နေ့လည်စာ ထမင်းဘူးက သိပ်အထီးကျန်တာပဲ။ ခေါင်းကို ခပ်ဖြေးဖြေးရမ်းရင်းက စီးကရက်တစ်လိပ်ကို မီးညှိပြီး ပြတင်းပေါက်နား သွားရပ်နေမိသည်။

သိပ်မကြာခင် အချိန်လေးအတွင်း ကန်တင်းဘက်ကနေ နောက်ပြန် လမ်းလျှောက်ရင်း စကားပြောလာတဲ့ အရိပ်လေးက ပြတင်းပေါက်နား ရပ်နေသူရဲ့ မျက်လုံးထဲ တန်းပြီး ဝင်လာသည်။

ကျွတ်..လမ်းကို နောက်ပြန်လျှောက်နေတယ် ချော်လဲတော့မှာပဲကွာ..

တစ်ယောက်ထဲ ရေရွတ်လိုက်သံက မဆုံးလိုက်၊ ယိုင်ခနဲ ဖြစ်သွားသည့် ကိုယ်လေးကို Earth က ဖမ်းထိန်းပေးလိုက်တာကို မြင်လိုက်ရသည်။

တကယ်ပဲကွာ၊ တခြား ယောကျ်ား၊ မိန်းမ ဘယ်သူနဲ့မှ ရင်းနှီးနေတာကို မနှစ်မြို့ပါဘူးဆိုမှ..ကလေးက တကယ်ပြောမကောင်းဘူး..

"WHAT'S WRONG WITH INTERN GULF"(COMPLETED)Where stories live. Discover now