UNICODE
တပ်ထားတဲ့မျက်မှန်ကို ဆွဲချွတ်ပစ်ပြီး နားထင်ကြောတွေကို လက်မနဲ့ ဖိထားမိတယ်။ ဒီတစ်လော မျက်မှန်ပါဝါတွေ တိုးလာပြီ ထင်ရဲ့။ နောက်ရက်တော့ မျက်မှန်စမ်းသပ်ခန်းကို သွားမှ ဖြစ်မယ်။
အချိန်ကို ကြည့်တော့ နေ့လည် နှစ်နာရီ။ တောင့်တင်းနေတဲ့ ခါးကြောကို တစ်ချက်လျှော့လိုက်ရင်း Phone သံကြားလို့ ယူကြည့်တော့ Puifaiဆီက ဖြစ်နေတယ်။
"အင်း.... Puifai ပြောလေ.."
"Phi ဒီည အားလား Puifai တို့ ညစာ အတူစားကြမလား.. Mae က မတွေ့တာကြာလို့ ထမင်းစား ဖိတ်ခိုင်းနေလို့.."
"အင်း..ဒီညနေလား... ရမယ်ထင်တယ်.. ကိုယ် ထူးထူးခြားခြား ချိန်းထားတာတော့ မရှိပါဘူး.."
"ဒါဆို .. ညနေ Phiကို ကုမ္ပဏီမှာ လာကြိုရမလား.."
"မလာနဲ့တော့လေ..ရုံးဆင်းရင် ကိုယ်တန်းပြီး လာပါ့မယ်..အိမ်ကပဲစောင့်ပေါ့.."
"ဒါဆို..Puifai အိမ်မှာ စောင့်နေမယ်နော်"
"အိုကေပါ"
<<<<<<<>>>>>>>
ညနေ ရုံးဆင်းတာနဲ့ Puifaiတို့အိမ် တန်းသွားလိုက်တယ်။ ထမင်းစားဖိတ်တိုင်း ငြင်းနေရတာ အားနာတာကြောင့် ဒီတစ်ခါတော့ လက်ခံလိုက်ရတယ်။
Mae ကို စိတ်မပျက်စေချင်ပါ။ Mae ကိုယ်တိုင် မိတ်ဆက်ပေးထားတဲ့ မိသားစုလေးမို့ သေချာ ဂရုတစိုက် ဆက်ဆံနေရတယ်။
လိုလေသေးမရှိ တည်ခင်းဧည့်ခံပေးထားတဲ့ ထမင်းဝိုင်းလေးကြောင့် သူ တကယ်ကို ကျေးဇူးတင် အားနာရတယ်။ အိမ်ထမင်း အိမ်ဟင်းဆိုတာမျိုးက သူ့အတွက်တော့ ကျေးဇူးတင်ဖွယ်။
Puifaiတို့ သားအမိနဲ့ ထမင်းလက်စုံစားပြီး ဆက်တီပေါ် ပြောင်းထိုင်လိုက်တယ်ဆိုရင်ပဲ Puifai မိခင်က...Mew ကို အင်တာဗျုး စလာတယ်။
"အလုပ်တွေ အဆင်ပြေလား သား..."
"အဆင်ပြေပါတယ် အန်တီ.."
"သားတို့အခု.. Chai Natဘက်က Project ကအရမ်းကြီးတယ်နော်.. လုပ်ငန်း progressကော ဘယ်လောက်ထိ ရောက်ပြီလဲ သား.."
أنت تقرأ
"WHAT'S WRONG WITH INTERN GULF"(COMPLETED)
قصص الهواةUNICODE ဒီချာတိတ်နဲ့ဆုံတိုင်း ခဏခဏ စနောက်ချင်ပြီး ခဏခဏ ရယ်မောချင်နေမိတယ်။ ပေစောင်းစောင်းနဲ့ မကြောက်တတ်တဲ့ပုံလေးက တကယ်ထူးဆန်းနေတာမို့ ခဏခဏ စိတ်ဆိုးအောင်ပဲစနေမိတယ်။ Mew Suppasit ( CEO of Jongcheveevat Co.,Ltd) ကျွန်တော်က ဘုကလန့်လို့ လူတိုင်းကပြောကြတယ်...