"EPISODE 49"(UNICODE+ZAWGYI)

10.4K 999 103
                                    

UNICODE

မျက်ရည်ဝဲဝဲလေးနဲ့ ကြည်နူးနေတဲ့ Mae ရယ်၊ အတူတူပျော်ပေးတဲ့ Phi ရယ်၊ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမဲ့ သားဖြစ်သူကို ချစ်တဲ့စိတ်တစ်ခုထဲနဲ့ မျက်စိမှိတ်ခေါင်းညိတ်ပေးလိုက်တဲ့ Pho ရယ်ကို အတိုင်းအဆမဲ့ ကျေးဇူးတင်ရင်း မျက်နှာပူပူနဲ့ပဲ Pho ကားယူပြီး ဘန်ကောက်ကို အပြေးနှင်လာမိတယ်။

ပြောပြလိုက်ရင် ပျော်သွားမဲ့ ချစ်သူမျက်နှာကို မြင်ယောင်မိပြီး ကားမောင်းနေရင်းက ပြုံးနေမိတာကို ရပ်မရ။ လန်ဒန်ကနေ ပြန်လာပြီးချင်း တစ်ချက်မှ မနားပဲ သတင်းကောင်းကို အပြေးလာပြောပြခဲ့တဲ့ ချစ်သူအတွက် Gulfလည်း ဒီလောက်တော့ ပြန်ပေးသင့်တယ် မဟုတ်လား။

အပျော်လွန်နေတဲ့ စိတ်ကြောင့် အရှိန်ကို မနည်း သတိထားပြီး ထိန်းနေရတယ်။ ကားလေးကတော့ လေကိုပစ်ခွင်းလိုက်တဲ့ မြားတစ်စင်းကို လမ်းမထက်မှာ တရိပ်ရိပ်ပြေးလွှားနေခဲ့တယ်။

ဒီလိုနဲ့ Jongcheveevat ကိုရောက်တော့ ညနေ ၄ နာရီခွဲ။

ဘာဘာညာညာအများကြီး မစဉ်းစားနိုင်ပဲ ကုမ္ပဏီထဲကို တောက်လျှောက်ဝင်ချသွားမိတယ်။

ဂိတ်ကအစောင့်ဦးလေးတွေလည်း ပထမတော့ အံ့ဩသွားပေမဲ့ ရင်းနှီးနေတာရော အခုထိ အလုပ်လုပ်နေသေးတယ်ထင်တာရောကြောင့်လားမသိ အစစ်ဆေး မရှိပဲ ကုမ္ပဏီထဲကို ရှောရှောရှူရှူ ဝင်လို့ရခဲ့တယ်။

အလျင်လိုနေသလို..ပြူးပြူးပျာပျာနဲ့ ရုံးထဲဝင်လာတဲ့ သူ့ကို မြင်တော့ အစ်မ Pam က ထအော်တယ်။

"ဟယ် ကလေးလေး..ကျွန်မတို့ ကလေးလေးပါလား..ရုံးကို ဘာလာလုပ်တာလဲ.."

ရုတ်တရက်အလောသုံးဆယ် ဝင်ချသွားပြီးမှ Gulfလည်း ဘာပြောရမှန်းမသိ။ သူဆိုတာ ဒီလိုမျိုး လွဲနေကျမဟုတ်လား။ ၅နာရီဆို ရုံးဆင်းတာကြောင့် သိမ်းဆည်းနေတဲ့ ရုံးထဲက လူတွေက ကွက်ကြည့်ကွက်ကြည့်ဖြစ်ကုန်တယ်။

ရုတ်တရက်အာရုံစိုက်ခံလိုက်ရတဲ့ အနေအထားမှာ ဘာပြန်ပြောရမှန်းလည်း မသိပဲ လည်ပင်းသာဖိပွတ်ပစ်ရင်း..

"ဟိုလေ..အစ်မ.."

"အင်း ကလေးပြော.."

မလုံတဲ့စိတ်ကြောင့်  ချောင်းတစ်ချက် ဟန့်မိတယ်။

"WHAT'S WRONG WITH INTERN GULF"(COMPLETED)Where stories live. Discover now