"EPISODE 32"(UNICODE+ZAWGYI)

13K 954 98
                                    

UNICODE

"ဟေ့ရောင် မင်းလာဦး၊ မင်းလာဦး!! အဲ့ ဖုန်းမကိုင်တဲ့ကိစ္စ မင်းကို ငါ သတ်ဦးမယ်။ ဘယ်လောက်အရေးကြီးနေနေ ငါ့ဖုန်းတော့ ကိုင်ဟ ခွေးကောင်ရ"

ကျောင်းဝန်းထဲ ခြေချလိုက်တာ နဲ့ Techno ကစိတ်တိုနေသံဖြင့် ပြောရင်း Gulf အနားကို အပြေးအလွှားရောက်ချလာသည်။

"အေးကွာ ဆောရီး ငါ ဖုန်းသံတိုးထားမိလို့ မကြားလိုက်ဘူး။ ပြီးတော့ ဖုန်းကို မစစ်လိုက်မိဘူး။  မင်းကရော အရေးကြီးရင် စာမပို့ပဲ ဘာလို့ ဖုန်းတွေချည်း လှိမ့်ခေါ်နေတာလဲ.."

"အေး စာပို့တာလောက်နဲ့ မလုံလောက်လို့ပေါ့ကွ..လာ ကန်တင်းသွားမလား။ ဒါမှမဟုတ် စာသင်ခန်းထဲ ဝင်ပြီး ပြောကြမလား.."

"စာသင်ခန်းထဲပဲ လိုက်ခဲ့တော့။ ငါ ဒီမနက် အတန်းရှိသေးတယ်.."

နှစ်ယောက်သား စာသင်ခန်းထဲရောက်တာနဲ့ Techno က Gulf အနား တိုးကပ်လာထိုင်သည်။

"ဟေ့ရောင် ငါအခုပြောမှာ သေချာနားထောင်.."

"အေး.. နားထောင်နေတယ် ပြော.."

"မင်းဆီကို Phi San လာသွားတယ် မင်းသိလား.."

Techno စကားကြောင့် လူက တစ်ကိုယ်လုံး တောင့်တင်းအေးစက်သွားရသည်။

"ဘာ !! Phi San လာသွားတာလား။ ကျောင်းကိုလား။ ငါ့တိုက်ခန်းကိုလား..ဘယ်တုန်းကလဲ.."

သူ အလောသုံးဆယ် မေးလိုက်တာကြောင့် Technoတောင် အံ့ဩသွားသလို။

"ငါနဲ့တော့ မနေ့က ကျောင်းမှာတွေ့တာ။ ငါမနေ့က ကျောင်းမှာအရေးကြီးလို့ ရုံးမတက်တာ မင်းသိသားပဲ..အဲ့တာနဲ့ ကျောင်းကန်တင်းမှာ Phi San ကို မမျှော်လင့်ပဲ တွေ့တာကွ.."

"ဟေ ဟုတ်လား.."

"အေး ..လွန်ခဲ့တဲ့ တစ်ပတ်လောက်က တစ်ခါ လာသွားသေးတယ်တဲ့..ငါထင်တာကတော့ အဲ့တုန်းက တိုက်ခန်းရော ကျောင်းကိုရော လာသွားတယ် ထင်တာပဲ။ မင်း အဲ့ရက်တုန်းက တိုက်ခန်းမှာ ရှိမနေဘူးမို့လား..ငါ့ကို ထူးထူးဆန်းဆန်း ဘာမှမေးမသွားပေမဲ့ Phi San ကို ကြည့်ရတာ တစ်မျိုးပဲကွ ၊ စိတ်ရှုပ်ထွေးနေတဲ့ မျက်နှာမျိုးဆိုတာ လုံးဝ သေချာတယ်ကွာ..အခုလည်း မင်းကို မပြောနဲ့လို့ ပြောသွားသေးတယ်..ငါ စိတ်ပူလို့သာ ထုတ်ပြောရတာ.."

"WHAT'S WRONG WITH INTERN GULF"(COMPLETED)Where stories live. Discover now