UNICODE
အချိန်က ည ၁၁ နာရီ။
အလုပ်လုပ်နေရင်း မျက်ကြောတစ်ချက်လျော့ပြီး လှမ်းကြည့်လိုက်တော့ ချာတိတ်ကလည်း တကုတ်ကုတ်ဖြင့် စာတွေ လုပ်နေသည်။
ညနေက ကျောင်းကပြန်လာထဲက မျက်နှာသိပ်မကောင်း၊ အရင်လို လူကို လာလည်း မချွဲတော့ပဲ ခပ်လှမ်းလှမ်းမှာပဲ နေတာမို့ Mew တကယ်မနေတက်တော့။
မျက်နှာလေးကို လှမ်းကြည့်တိုင်းလည်း ပကတိ တည်ငြိမ်နေတာမို့ စိတ်ကောက်နေပုံလည်း မပေါ်၊ ပြီးတော့ သူလည်း အမှားလုပ်ထားတာ မရှိဘူးမို့လား။
"ကလေးလေး လာဦး ကိုကို့ဆီ.."
"......."
"ဟိတ် ကြောင်မေမေကြီး.."
"........"
နည်းလမ်းမျိုးစုံဖြင့် လှမ်းပြီးစနောက်နေပေမဲ့ ပြန်ဖြေသံကရောက်မလာ၊ သူ့ကို ရှိတယ်လို့တောင် သဘောမထားတာကြောင့် အသည်းယားလာမိရင်း အနားကို လျှောက်သွားမိသည်။
အနောက်နားကနေ ကပ်ထိုင်လိုက်ရင်း ကိုယ်လေးကို ရင်ခွင်ထဲ သိမ်းပွေ့ပြီး ဂုတ်သားလေးကို နမ်းရှိုက်လိုက်တော့ ချက်ချင်းပြန်ရုန်းသွားသည်။
"ကလေး.."
"ကျွန်တော် မအားဘူး။ ဒီည အိပ်နှင့်တော့ မစောင့်နဲ့ ဒီ Assignment ပြီးမှ အိပ်မှာ နောက်ကျမယ်။"
အသံလှိုင်းက တိတိရိရိ။ အနိမ့်မြင့်အတက်အကျ မရှိတာမို့ ဘာဖြစ်နေသလည်း အလွယ်တကူ မခန့်မှန်းနိုင်။
"အင်း ရတယ်လေ။ ကိုကိုစောင့်မှာပေါ့။ မှန်းစမ်း စာတွေက ခက်လို့လား။ ကိုကို ကူပြပေးရမလား။"
Laptop နားကို ခေါင်းတိုးပြီး သူကြည့်လိုက်တော့ မကြိုက်ဟန်ဖြင့် Laptop ကို ခပ်ဝေးဝေးသို့ တွန်းသည်။
"မလိုဘူး ရတယ်။ ကျွန်တော် လုပ်နိုင်ပါတယ်.."
ရင်ခွင်ထဲကနေ ခပ်လွန့်လွန့် ရုန်းကန်နေတာမို့ သက်ပြင်း ဖွဖွ ချပြီး သူ လွှတ်ပေးလိုက်မိသည်။
ကလေး တစ်ခုခုဖြစ်နေတာ သေချာပါသည်။ မသေချာမှာစိုးလို့ မျက်နှာလေးကို နောက်တစ်ကြိမ် ငုံ့ကြည့်တော့လည်း ဝင်းဖန့်ဖန့် မျက်နှာလေးမှာ ဘာအရောင်တွေမှ စွန်းမနေ။
![](https://img.wattpad.com/cover/228505834-288-k296548.jpg)
YOU ARE READING
"WHAT'S WRONG WITH INTERN GULF"(COMPLETED)
FanfictionUNICODE ဒီချာတိတ်နဲ့ဆုံတိုင်း ခဏခဏ စနောက်ချင်ပြီး ခဏခဏ ရယ်မောချင်နေမိတယ်။ ပေစောင်းစောင်းနဲ့ မကြောက်တတ်တဲ့ပုံလေးက တကယ်ထူးဆန်းနေတာမို့ ခဏခဏ စိတ်ဆိုးအောင်ပဲစနေမိတယ်။ Mew Suppasit ( CEO of Jongcheveevat Co.,Ltd) ကျွန်တော်က ဘုကလန့်လို့ လူတိုင်းကပြောကြတယ်...