"EPISODE 25"(UNICODE+ZAWGYI)

17.8K 1.3K 233
                                    

UNICODE


လက်ဖျံရိုး သွေးကြောစိမ်း‌တွေကစလို့

နားထင်နောက်နား ဆံနွယ်နုနုတွေမှာအဆုံး

အားလုံးဟာ တခုတ်တရ မြတ်နိုးလိုက်ချင်စရာပဲ။

နှစ်နှစ်ကာကာ ပြုံးပြတဲ့အခါ

ကိုကို့ အနာဂတ်တွေထဲ

ကျွန်တော် တကယ်

ခုန်ချပစ်ချင်တာ။

မိုးပြေးလေးက ဖြန်းခနဲ လာပက်မှ နှစ်ယောက်လုံး လမ်းပေါ်မှာ ဖက်နေမိတာ သတိပြန်ရလာသည်။ ဒီကလေးကိုဆို တန်ဖိုးထားရလွန်း၊ မြတ်နိုးရလွန်းပေမဲ့ ခက်တာက တစ်ခုခုဖြစ်လာတိုင်း အမြဲလမ်းမပေါ်သို့မဟုတ် Public Area တွေမှာချည်း။

"ကလေး မိုးထပ်မိမယ် ပြန်သင့်ပြီလေ။"

"နေစမ်းပါဦး ကျွန်တော်က ပြန်သင့်ပြီဆိုတော့ ခင်ဗျားကရော.."

ဂျစ်ကန်ကန်ထွက်လာတဲ့ အသံလေးက စိတ်ဆိုးနေပြီဆိုတာ သိသာစေ၏..

"အင်း..ကိုယ်လည်း.. ကိုယ်လည်း အိမ်ပြန်..."

"ဘာဗျ!! သတ္တိရှိရင် ကျွန်တော်မပါပဲ ကျွန်တော့်မျက်စိရှေ့က အခု ထွက်ကြည့်စမ်း ခင်ဗျား"

မျက်နှာနီနီလေးနဲ့ ခပ်ရှရှ အသံလေးက မတိုးမကျယ်။ ဟုတ်တယ် ဒါကမှ Gulf Kanawut အစစ်။

"ဒါဆို ကလေးက ဘယ်လိုလုပ်ချင်လဲ..ကိုကို ဘာလုပ်ရမလဲ.."

"ကိုကိုရာ!! ခင်ဗျားက တစ်ခါတလေ နားလည်ရသိပ်ခက်တာပဲ။ အခု ကျွန်တော် ဘာလုပ်ချင်လည်းဆိုတာထက် ကျွန်တော်တို့ ဘယ်လိုဖြစ်သင့်လည်းဆိုတာ စဉ်းစားရမှာပေါ့"

"ကိုကို နားလည်ပါတယ်..ဒါပေမဲ့ ကလေး မသိသေးတဲ့ အခက်အခဲတွေ ကိုကို့မှာ အများကြီးပဲ အဲ့အရာတွေထဲ ကလေးကို‌ပါ ရောထွေးပြီး မခံစားစေချင်ဘူး"

" ခင်ဗျား ကျွန်တော့်ကို ကြည့်စမ်း.. ကျွန်တော်က အရွယ်ရောက်ဖို့ ကျိန်းသေလုံလောက်တဲ့ ခွန်အားလည်းရှိတဲ့ ယောက်ျားတစ်ယောက်ပါ။ ကျွန်တော် ထိခိုက်မှာစိုးလို့၊ ကျွန်တော် နာကျင်ရမှာစိုးလို့ ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ကျွန်တော့်ကို အဝေးထပ်ပြီး တွန်းမပို့ရင်ကောင်းမှာ။ ကျင်လည်ရတဲ့ ပတ်ဝန်းကျင်တွေ ကွာတာမို့ ကျွန်တော်က ကိုကို့အတွက် ကာကွယ်ပေးနိုင်တဲ့ အရည်အချင်းမျိုး ရှိမနေရင်တောင် ကျွန်တော်က ကိုကို့ရဲ့ အားပေးဖော်၊ ထွေးပွေ့နှစ်သိမ့်ဖော်အဖြစ်တော့ ရှိချင်တာ။ ကျွန်တော်က ငယ်သေးလို့ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့တော့ ကျွန်တော့်ကို အဝေးထပ်မပို့ပါနဲ့တော့ဗျာ။ အရမ်းကြာလာရင် ကျွန်တော် ခင်ဗျား မရှိပဲ နေနိုင်အောင် တကယ်ကြိုးစားလိုက်တော့မှာ။ ကိုကိုသိလား ကျွန်တော် အရမ်းပင်ပန်းနေပြီ"

"WHAT'S WRONG WITH INTERN GULF"(COMPLETED)Where stories live. Discover now