"EPISODE 34"(UNICODE+ZAWGYI)

11.2K 921 75
                                    

UNICODE

"ဟေ့ရောင် အိပ်ပျော်နေတာလား..ငါတို့ ရပ်စောင့်နေရင်း ဘဝတောင် ကူးတော့မလို့.."

တံခါးဖွင့်ပေးလိုက်တာနဲ့ Techno ဆီက မကျေနပ်သံကို အရင်ကြားရသည်။ ကိုကို့ဖိနပ်ကိုလည်း ဖွက်ရသေးတာမို့ ပိုကြာသွားရခြင်း ဖြစ်သည်။

"ဆောရီးပါကွာ ၊ Toilet ဝင်နေလို့ပါ ၊ May တို့ရော ဆောရီးပါနော်.."

နောက်နားမှ ခပ်ရို့ရို့လေးရပ်နေတဲ့ May ကိုပါ လှမ်းပြောလိုက်တော့ သူမက အပြုံးလေးနှင့်..

"ရပါတယ် Gulf ရယ် ၊ May လိုက်လာတာ စိတ်မဆိုးပါဘူးနော်.."

"အာ ..ရပါတယ်ဗျ..ကျွန်တော်ကတောင် အားနာနေရတာပါ .. လာပါ ဝင်ကြပါ ၊ ဝင်ကြပါ.."

Gulf ရဲ့ တိုက်ခန်းလေးက ချက်ချင်းပဲ ဆူညံသောင်းကျန်းသံတွေနှင့် ပြည့်သွားသည်။ May တို့ မိန်းကလေးအဖွဲ့က မီးဖိုဆောင်ဘက် တန်းဝင်သွားရင်း ချက်ပြုတ်ဖို့ လုပ်နေကြပေမဲ့ Champ နဲ့ Techno က ဧည့်ခန်းကနေ ဘယ်ကိုမှ မရွေ့ပဲ ဆိုဖာပေါ် ကျောက်ချထိုင်ရင်း ဂိမ်းကစားဖို့ ပြင်ကြသည်။

အိမ်မှာ ဂိမ်းစက်တပ်ထားမိသည်ကို ပထမဆုံးအကြိမ်အဖြစ် Gulf ကိုယ့်ဘာသာ စိတ်ပျက်မိသွားသည်။

"ဟေ့ရောင်တွေ..ဆော့မနေနဲ့ ထ ထ..နောက်ဖေးမှာ သွားဝိုင်းလုပ်ကြလေကွာ.."

"အေးဆေးသာနေ ဟေ့ရောင်..ကောင်မလေးတွေက လမ်းမှာထဲက ပြောလာတာကွ ၊ လာမရှုပ်နဲ့တဲ့ သူတို့ဘာသာလုပ်မယ်တဲ့..အဟဲ.."

စပ်ဖြဲဖြဲ ပြောလာတဲ့ Champ စကားကြောင့် ပိုစိတ်ညစ်သွားမိသည်။ ဒီအတိုင်းဆို ကိုကို ကုတင်အောက်က ထွက်နိုင်ဖို့က မလွယ်လောက်။ နောက်တစ်ခု အမြန် စဉ်းစားမှ ရပါမည်။

"ဒါဆို မင်းတို့နှစ်ကောင် သောက်စရာ တစ်ခုခု သွားဝယ်ကွာ.."

Gulf စကားကြောင့် Techno က ဆော့နေရာကနေ အံ့ဩနပန်း မျက်နှာဖြင့် မော့ကြည့်လာရင်းက..

"ကန်းနေလား..ဟိုမှာ ဝယ်လာပြီးသားလေ သောက်စရာတွေက.."

Techno မေးငေါ့ပြတဲ့ နေရာကို လှမ်းကြည့်မှ များပြားလှတဲ့ ဘီယာဘူးတွေကြောင့် ဘာဆက်ပြောရမှန်းမသိပဲ Gulf တစ်ယောက် ခေါင်းကုတ် ၊ ဖင်ကုတ် ဖြစ်လာရသည်။

"WHAT'S WRONG WITH INTERN GULF"(COMPLETED)Where stories live. Discover now