"EPISODE 14" (UNICODE+ZAWGYI)

18.9K 1.3K 102
                                    

UNICODE

"Hello Phi"

"အင်း Puifai ပြောလေ.. "

"Bosser နဲ့ ဒီနေ့အပြင်မှာတွေ့တော့ Phi တို့ မြောက်ပိုင်းဘက် သွားဖို့ရှိတယ်ကြားလို့။ အဲ့တာ Puifaiလည်း မြောက်ပိုင်းဘက်မှာ အလုပ်ကိစ္စလေး ရှိလို့..Phi တို့ Team နဲ့အတူလိုက်လို့ရမလား၊ ခရီးကလည်း နယ်စပ်ထိဆိုတော့ ခရီးဝေးထိ Phi နဲ့ အတူသွားကြည့်ချင်လို့"

Puifai စကားကြောင့် သူ စိတ်ရှုပ်သွားသည်။ တကယ်ဆို အလုပ်ကိစ္စက ရှင်းစရာ ပြုစရာနှင့် ခေါင်းနောက်စရာတွေ ရှိသေးသည်။ မိန်းကလေးပါလာရင် အနေကျပ်ပြီး အားနာနေရဦးမည်။

"Join လို့ရပါတယ် Puifai ရဲ့။ ဒါပေမဲ့ ကိုယ်က အလုပ်ကိစ္စကြောင့်သွားတာဆိုတော့ Puifai ကို ဂရုမစိုက်နိုင်ဘူး ထင်တယ်.."

"Phi ရယ် မသိတဲ့လူတွေဆို Puifai ကို Phi က အမြဲဂရုစိုက်ပေးတာလို့ ထင်ကုန်ပါဦးမယ်နော် အဟင်း..."

Puifai စကားကြောင့် သူ အနည်းငယ်တော့ အားနာသွားမိသည်။ ဟုတ်တာပဲ အခုတလော ဒီမိန်းကလေးကို ဖုန်းတောင် မဆက်ဖြစ်။

"ဆောရီးပါ Puifai ရယ် Phi ဒီတလော အလုပ် Pressureတွေ များနေတာကြောင့်ပါ"

"အားမနာနဲ့ Phi ..Puifai က အားနွဲ့ပြီး မှီခိုတတ်တဲ့ မိန်းကလေးမှ မဟုတ်တာ..အချင်းချင်း အားနာတာတွေ ခေါင်းထဲထည့်ဖို့မလိုပါဘူး..အလုပ်ကိစ္စ သွားရမယ့်နေရာတူလို့ အတူသွားကြတယ်ပဲ တွေးရအောင်နော်"

"OK ပါ Puifai"

<<<<<<<>>>>>>>

ဒီနေ့က Monday ဖြစ်ပြီး Gulfတို့အဖွဲ့ သူဌေးနှင့်အတူ Mae Hong Son ဘက်သို့ စတင် ထွက်ခွာမည့်နေ့လည်း ဖြစ်၏။

မနက်စောစောထဲက ရုံးကို ကြိုရောက်နေတာမို့ လာခေါ်မယ့်လူကို ထိုင်စောင့်ရင်း ရေဆာလာသည်။

"ညီ အဝတ်တွေ လုံလုံလောက်လောက် ထည့်ခဲ့ရဲ့လား.."

အောက်မှာချထားတဲ့ ကျောပိုးအိတ်ထဲက ရေသန့်ဘူး ငုံ့နှိုက်နေတဲ့ သူ့ဆီ Phi Earth က ရောက်လာရင်း မေး၏။

"ပါတယ်ဗျ..တော်တော်များများ ထည့်ခဲ့ပါတယ်.."

"အနွေးထည်နဲ့ ဦးထုပ်ရောပါလား ညီ.."

&quot;WHAT'S WRONG WITH INTERN GULF&quot;(COMPLETED)Where stories live. Discover now