"EPISODE 30"(UNICODE+ZAWGYI)

14.6K 1K 111
                                    

UNICODE

ဒီတစ်လော မနက်ရောညပါ ကလေးချက်ပြုတ်ပေးသမျှကို အရသာရှိရှိစားသောက်နေရသည်။

ထမင်းချိန်ထမင်း၊ ရေချိန်ရေ၊ နေ့လည်နေ့ခင်းဆို ကော်ဖီမကြိုက်တဲ့သူ့အတွက် ကလေးက သံပုရာ‌ရည်အေးအေးလေး တစ်ခွက် ဖျော်ပေးတတ်သေးသည်။

တစ်ချိန်လုံး တိတ်ဆိတ်ပြီး လာမရှုပ်ပဲနေပေးတတ်ပေမဲ့ ထမင်းစားဖို့ခေါ်ရင် တစ်ခါထဲထလာမှ ကလေးက ကြိုက်သည်။ ချက်ချင်းထမလာပဲ အလုပ်ထဲ ဈာန်ဝင်မိတဲ့အခါမျိုးဆို နားငြီးလောက်အောင်ကို အဆူခံရပါသည်။

"ခင်ဗျား ကျွန်တော် မရှိရင် ဘယ်လိုလုပ်မလဲ..ကိုကိုရာ!! အလုပ်သရဲဆိုတာသိပေမဲ့ ဒီလောက်ထိတော့ အလွန်အကြူး မလုပ်နဲ့လေဗျာ..တကယ်ပဲ ခင်ဗျားအတွက် ကျွန်တော် မရှိလို့ကို မဖြစ်ပါဘူး.."

ထိုသို့ ပြောပြီးတိုင်း သူ့စကားသူ သဘောတကျဖြင့် ပြုံးတုံ့တုံ့ လေး အမြဲလုပ်နေတက်သည်။

ဟုတ်တယ် Mew အတွက်လည်း ဒီကောင်လေး မရှိလို့ မရတော့တာ တစ်နေ့တခြား ပိုပြီး သေချာလာခဲ့တာ။

ညတိုင်းမှာထွေးပွေ့ပြီး အတူအိပ်ရာဝင်တယ်။

မနက်ခင်းတိုင်း အနမ်းတစ်ပွင့်နဲ့ နိုးထရတယ်။

သိပ်အရသာရှိတဲ့ ဟင်းလျာတွေကို မြည်းစမ်းခွင့်ရတယ်။

ညနေတိုင်း လည်ပင်းကြွက်သားတွေကို အလိုက်တသိ နှိပ်နယ်ပေးတယ်။

ခေါင်းလျှော်ပေးတယ်၊ မုတ်ဆိတ် ရိတ်သင်ပေးတယ်။

အဝတ်လျှော် မီးပူတိုက်ကစလို့၊ တစ်ကိုယ်ရည် သန့်ရှင်းရေးတွေအဆုံး ဖြည့်ဆည်းလုပ်ဆောင်ရင်း ချစ်ပေးတယ်၊ စိတ်မကြည်ရင် ဆူပူတယ်၊ ပြီးရင် ခွင့်လွှတ်ပြန်တယ်။

သူမရှိရင် မဖြစ်တော့တာကို ခဏခဏပြောပြီး သဘောတွေကျနေတတ်တယ်။

တစ်ခါတလေကျ စာလုပ်ရင်း ကွေးကွေးလေး အိပ်မောကျတတ်တယ်။

ညဘက် ခဏခဏ နိုးတတ်တဲ့ ကောင်လေးက သူ ပွေ့ထားပေးရင် တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတယ်။

"WHAT'S WRONG WITH INTERN GULF"(COMPLETED)Where stories live. Discover now