"EPISODE 52"(UNICODE+ZAWGYI)

10.5K 976 83
                                    

UNICODE

မိသားစု ညစာစားပွဲလေးမှာ အတူထိုင်ပြီး ဂုဏ်ပြုကိတ်လေး ခွဲတော့ Gulf က ရှက်ရဲရဲလေး ရယ်နေတယ်။

"အာ..ကိတ်က..ဘာလို့ပြင်ထားရတာလဲဗျာ..Pho မွေးနေ့ကတောင် ကိတ်မခွဲဘဲနဲ့ Pho ကို အားနာလိုက်တာ.."

ဖခင်ဖြစ်သူကို လှမ်းကြည့်ပြီး လည်ပင်းလေး ပွတ်နေတဲ့ကောင်လေးက တကယ်ကို အားနာနေဟန်။

"မဟုတ်တာ..Phoက မွေးနေ့မှာ ကိတ်ကို တမင်မလိုအပ်လို့ မခွဲခဲ့တာ..စိတ်မကောင်းမဖြစ်နဲ့ အဲ့ဒီအစား အခု လုပ်ပေးတဲ့ ဂုဏ်ပြုပွဲလေးကိုပဲ..ပျော်ပျော်ရွှင်ရွှင် လက်ခံပေး.."

"ဟုတ်ကဲ့ဗျ.."

ဖခင်ဖြစ်သူက ဝင်ပြောမှ စိတ်သက်သာသွားဟန်လေး။

Congratulations လို့ ထွင်းထားတဲ့ ကိတ်လေးကို Gulf က မီးမှုတ်ပြီးနောက် San က နှင်းအတုတွေကို မိုးပေါ် ထောင်ဖောက်တယ်။

ခြံဝင်းလေးထဲ အလှတပ်ဆင်ထားတဲ့ မီးသီးလေးတွေအောက်မှာ Gulf က ကလေးတစ်ယောက်လို လွပ်လပ်ပေါ့ပါးစွာ ရယ်မောနေခဲ့တယ်။

မိသားစုတွေ လွပ်လွပ်လပ်လပ် ဂုဏ်ပြုပြီးပျော်နေကြတာမို့ Mew ကတော့ အလိုက်တသိ ဓာတ်ပုံတွေ ရိုက်ပေးနေမိတယ်။ ဒီမိသားစုလေးရဲ့ အပျော်တွေက သူ့ဆီ တကယ်ကို ကူးစက်ပြန့်နှံ့ပါတယ်။

တောက်ပစွာ ရယ်မောနေတဲ့ ချာတိတ်မျက်နှာလေးကို Zoom ဆွဲပြီး ရိုက်ယူနေတုန်း Mew ဖုန်းထဲ Video Call တစ်ခုဝင်လာတယ်။

လူအုပ်ထဲကနေ ခဏထွက်ပြီး ဖုန်းကိုင်လိုက်တော့ Mae ဆီက..

"Hello Mae.."

"သားကြီးကော အဲ့ဒီကိုရောက်နေတာလား.."

နောက်က တိုးတိုးပြန့်လွင့်နေတဲ့ သံစဉ်ကြောင့်ရော..မီးရောင်တွေကြောင့်ပါထင်ရဲ့..Maeက အပိုင်တွက်ပြီး မေးတယ်။

"ဟုတ်တယ် Mae.."

"ဒါဆို အဆင်ပြေတယ်ဆိုတဲ့ သဘောပေါ့.."

"သေချာတာပေါ့ Mae ရယ်..မျှော်လင့်ထားတာထက် တကယ်မြန်မြန်အဆင်ပြေသွားခဲ့တာ.."

သူ့စကားကြောင့် Maeက တိုးတိုးရယ်တယ်။

"Mae..သားကြီးပျော်နေတဲ့အသံကို လေလှိုင်းထဲကတောင်..ခံစားလို့ရနေပါတယ်..ဒါနဲ့သားကြီး.."

"WHAT'S WRONG WITH INTERN GULF"(COMPLETED)Onde histórias criam vida. Descubra agora