UNICODE
သက်သာလာပြီမို့ ဒီနေ့ တော့ Gulf ကျောင်းပြန်တက်သည်။ တစ်ပတ်တာရဲ့ နောက်ဆုံးရက်မို့ ဆရာတွေဆီ မသိတာ မေးဖို့အကောင်းဆုံးအချိန်လည်း ဖြစ်၏။
"ဟေ့ရောင် Gulf နေကောင်းပြီလား။ ပြန်ရောက်နေတာ အဖေကို မပြောနဲ့ သိလား ခွေးကောင်"
"နားငြီးတယ်ကွာ။ ဘောမို့ လာပွမ်နေတာလား။ လူအကောင်လိုက်ကြီး မင်းရှေ့ရောက်နေတာပဲ"
"အေးအေး ကြပ်ကြပ်လုပ်၊ ငါ မင်းကို ထားခဲ့ပြီး စော်ထားတော့မှာ.."
"ဝမ်းသာတယ် ဟေ့ရောင်။ မင်း အဖြစ်ရှိရင်.. ထားပြစမ်းပါ..."
"ငါလိုးကောင်..လဗြွတ်ပဲ.."
Techno၏ ဆဲသံကို ထိုင်ရယ်နေတုန်း...Mayက သူငယ်ချင်းတွေနှင့်အတူ သူ့ဆီ လျှောက်လာတာ မြင်လိုက်ရ၏။
"Gulf သက်သာရဲ့လားဟင်။ မပြောမဆိုနဲ့ ဆယ်ရက်လောက် ပျောက်သွားတာ May ဘယ်လောက် စိတ်ပူနေတယ်မှတ်လဲ.."
Mayအပြောကြောင့် Technoအပါအဝင် သူငယ်ချင်း တစ်သိုက်က ပြုံးစိစိ။
"စိတ်ပူစေမိလို့ တောင်းပန်ပါတယ် May ရယ်။ နောက်ဆို ကျွန်တော် အိမ်ပြန်ဖြစ်ရင် ပြောပါ့မယ်။"
ပြောပြောဆိုဆို May က အနားရောက်လာပြီး သူ့နဖူးအပေါ်ကို သူမ လက်လေးတင်ရင်း စမ်းသပ်သည်။
"တကယ်ပြောတာ May ရဲ့။ ကျွန်တော် သက်သာနေပါပြီ.."
နဖူးပေါ်လက်တင်ပြီး စမ်းတာကို တစ်ချက်တွန့်သွားရင်း မကြိုက်ဟန်ဖြင့် ခေါင်းကို မသိမသာ ရှောင်တိမ်းသည်။ သူငယ်ချင်းတွေလည်းပါတာကြောင့် May အနည်းငယ်တော့ ရှက်သွားရ၏။
သူမမှာ ဒီလောက်တောင် အခွင့်အရေး မရှိတာလား။ Gulf ဟာ သိပ်ခန့်မှန်းရခက်တဲ့ ကောင်စုတ်လေးပါပဲ။
မပြောမဆို ဆယ်ရက်လောက်ပျောက်သွားပြီး ဖုန်းလည်းခေါ်မရတာမို့ Mayကတော့ နေမထိထိုင်မသာ စိတ်တွေပူလိုက်ရတာ။ သူငယ်ချင်းတွေတောင် တားယူရသည်အထိ Gulfအပေါ် ငြိတွယ်နေမိပြီ မဟုတ်လား။
Gulf အနားကိုရောက်ဖို့ သူမ ဘယ်လိုနိယာမတွေ သုံးဖို့လိုပါသလဲ။ သက်ပြင်းဖွဖွချရင်း ဘေးကကောင်စုတ်လေးကိုပဲ ငေးနေမိတော့တယ်။
YOU ARE READING
"WHAT'S WRONG WITH INTERN GULF"(COMPLETED)
FanfictionUNICODE ဒီချာတိတ်နဲ့ဆုံတိုင်း ခဏခဏ စနောက်ချင်ပြီး ခဏခဏ ရယ်မောချင်နေမိတယ်။ ပေစောင်းစောင်းနဲ့ မကြောက်တတ်တဲ့ပုံလေးက တကယ်ထူးဆန်းနေတာမို့ ခဏခဏ စိတ်ဆိုးအောင်ပဲစနေမိတယ်။ Mew Suppasit ( CEO of Jongcheveevat Co.,Ltd) ကျွန်တော်က ဘုကလန့်လို့ လူတိုင်းကပြောကြတယ်...