"EPISODE 37"(UNICODE+ZAWGYI)

10.5K 889 71
                                    

UNICODE

ကလေးဆီ စာတိုပို့အပြီး ညနေ ၆နာရီခန့်တွင် Puifai တို့ အိမ်သို့ ရောက်သည်။ အိမ်ရှေ့မှာ ကားလေး ထိုးရပ်လိုက်တာနဲ့ သူမက အပြေးလေး ထွက်ကာ ခရီးဦးကြို ပြုလေသည်။

"နေကောင်းရဲ့လား Phi.."

"အင်း ကောင်းပါတယ် Puifai ရေ.."

"ဒါနဲ့ အန်တီရော ကျမ်းမာပါရဲ့လား.."

"အမလေး ကျမ်းမာပါ့ရှင်၊ Phi က တအားပြစ်ထားတာပဲနော် Phi အမေ ပြန်သွားတာနဲ့ ခြေလှမ်းတွေ ကျဲတော့တာပဲ အတင်းခေါ်မှပဲ လာတော့တယ် တကယ်ပဲ.."

"ကိုယ် မအားလို့ပါ.."

"ဪ သမီးရယ်၊ အိမ်ထဲရောက်မှ ပြောကြရောပေါ့..သားကို အားနာစရာကွယ်.."

"အို Mae ကလည်း Phiက တခြားလူလည်း မဟုတ်ပါဘူးနော်.."

Puifaiက မျက်လုံးလေးဝင့်ကာ ဝင့်ကာ ဆိုသည်။..
"အမလေး ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ သမီးတို့ချင်း နားလည်နေရင် ပြီးတာပါပဲအေ.."

Mew သိပ်နားမလည်တဲ့ စကားတချို့ကို ပြောဆိုနေရင်း သားအမိနှစ်ယောက်က အဓိပ္ပါယ် တစ်မျိုးနှင့် ရယ်နေကြသည်။

ထို အိမ်တွင်..ရောက်တက်ရာရာတွေ ပြောဆိုကာ စားသောက်ကြရင်း နာရီကြည့်မိတော့ ည ၇နာရီတိတိ။ ပြန်ချင်လာသလို မရိုးမရွ ဖြစ်လာတဲ့သူ့ကို Puifai မိခင်က နားလည်သလိုဖြင့် ချောင်းတစ်ချက် ဟန့်ရင်း စကားစလာသည်။

"သားကို အန်တီပြောမယ်၊ ပြောမယ်နဲ့ ခုတော့ ထုတ်ပြောပါရစေကွယ်.."

"ဟုတ်ကဲ့ အန်တီခင်ဗျ.. ပြောပါ.."

"သားနဲ့ သမီးလေးတို့ ကိစ္စ၊ သားအမေ စကားလမ်းကြောင်းထားတာ သား သိပြီးသားပါ၊ အန်တီတို့ဘက်ကတော့ ရှင်းရှင်းပြောရရင် သားညီမကလည်း သားအပေါ် မေတ္တာသက်ဝင်ပြီးသားမို့ ငြင်းစရာ မရှိပါဘူး..အန်တီက သားသဘောကိုပဲ အတိအကျ သိချင်တာ။"

"ကျွန်တော်က အခု အိမ်ထောင် မပြုချင်သေးလို့ပါ.."

"ဪ သားရယ် ဘယ်ဟုတ်ပါ့မလည်းကွယ်၊ ဒီလိုနဲ့ အရွယ်တွေ လွန်ကုန်မှာပေါ့။"

"ဒါပေမဲ့ ကျွန်တော့်မှာ..."

Mew ရဲ့ စကားမဆုံးသေးခင် Puifai မိခင် ဖြစ်သူက...

"WHAT'S WRONG WITH INTERN GULF"(COMPLETED)Onde histórias criam vida. Descubra agora