တပ်‌ထားသော နေကာမျက်မှန်ကိုဆွဲချွတ်လိုက်သည်နှင့် စူးရှသောအကြည့်တို့မှာဆီးလို့ကြိုနေသည်။အဝတ်လာဝယ်ကြသော မိန်းကလေးများမှာအဝတ်ကိုပင်ဆက်မရွေးနေနိုင်တော့ပဲ နှိုင်းကိုသာခေါင်းအစခြေအဆုံးလိုက်ကြည့်နေကြသည်။ကီဝီတစ်ယောက်ကတော့ role ခွဲပြီးပြီဖြစ်သည့်အတွက် ထိခိုက်ရှနာဒဏ်ရာများဖြစ်ရန်မလိုတော့ပေ။

"အစ်မ ကျွန်တော်စကားခဏလောက်ပြောလို့ရမလား"

"ရတာပေါ့မောင်လေးရဲ့လာ အစ်မတို့နားနေခန်းထဲမှာသွားပြောကြမယ် ဝောာ်ကြာမောင်လေးသူတို့ဆွဲစိတာခံလိုက်ရရင် ကူကူးစိတ်မကောင်းဖြစ်နေအုံးမယ်"

နှိုင်း ကီဝီပြောသည့်စကားကိုသဘောမပေါက်သော်လည်း နောက်ကိုလှည့်ကြည့်တော့ အရိုးတခြား၊အသားတခြားဖြစ်သွားနိုင်‌ေလာက်သည့်အကြည့်များဖြင့်ကြည့်‌နေကြသည်ကိုမြင်တာကြောင့် ဇောချွေးများပင်ပြန်လာသည်။တံတွေးတစ်ချက်မျိုချရင်း ကီဝီဆွဲခေါ်ရာနောက်သို့ပါသွားတော့သည်။

"မောင်လေး ဒီမှာထိုင် အစ်မကိုဘာပြောမလို့လည်းပြော"

ကီဝီနှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး နဖူးစပ်မှ‌စီးကျလာသောချွေးတို့ကိုလက်ဖြင့်သုတ်ကာ မျက်မှန်နှင့်ကားသော့ကို‌ေရှ့စားပွဲခုံပေါ်သို့တင်လိုက်သည်။

"ဟိုလေ ကျွန်တော်နဲ့မိုလေးတို့အကြောင်းကို အစ်မသိပြီးလောက်ပြီထင်ပါတယ်"

"အင်း အစ်မအဲ့အကြောင်းကိုသိပေမယ့် မောင်လေးဖြစ်နေမယ်မှန်းမထင်ထားဘူး ကူ..မဟုတ်သေးပါဘူး မိုဝီ့ကိုအဲ့နေ့ကကယ်ပေးခဲ့တဲ့အတွက် အစ်မကျေးဇူးတင်ပါတယ် အစ်မကမောင်လေးတို့ကိုသဘောတူတယ် အရင်လိုလေးပြန်ဖြစ်စေချင်တယ်"

"ဝမ်းသာလိုက်တာ ဒါဆိုရင် မိုလေးအတိတ်ကိုပြန်မှတ်မိအောင်လို့ တစ်ဖက်တစ်လမ်းကနေကျွန်တော့်ကိုကူညီပေးလို့ရလား"

"ပြောသာပြော ကူညီပေးမယ်"

အင်တိုက်အားတိုက်နှင့် လိုလိုလားလားပြောဆိုလာသောကြောင့် နှိုင်းလိုရင်းကိ‌ုပြောဖို့ပြင်လိုက်သည်။

သူမှလွဲ၍ _CompletedWhere stories live. Discover now