"ကလေးကိုယ်အခုလာခဲ့ရမလား"

"မလာနဲ့ကိုကို ကလေးအဆင်ပြေပါတယ် ဘာမှမဖြစ်ဘူး"

နှိုင်းမှာလာချင်‌ေသာ်လည်း လာလို့ကမရ။သူရှေ့တစ်လှမ်းတိုးလိုက်တိုင်း မိုဝီလည်းထိခိုက်သွားရနိုင်သဖြင့် နှိုင်းရှေ့သို့ဆက်မတိုးရဲပေ။သို့သော် နောက်လည်းမဆုတ်နိုင်ပါ။

"ကိုကြီးနဲ့ဖေဖေကကြောက်ဖို့ကောင်းတယ် မိုငယ်ငယ်လေးကတည်းကဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတာ အရင်ကမိုနဲ့ကိုကြီးဓာတ်ပုံတစ်ခါရိုက်ရဖူးတယ် နှစ်ယောက်စလုံးရဲ့အပြုံးတွေကအစစ်အမှန်မဟုတ်ခဲ့ဘဲ၊ရင်ထဲကလာတာမဟုတ်ခဲ့ဘဲနဲ့ အဖေအတင်းရိုက်ခိုင်းတာကြောင့် စိတ်မပါပေမယ့် မိုပြုံးခဲ့တယ် ဒါပေမယ့် အဲ့ပုံကိုမိုအရမ်းကြိုက်တယ် ဘာလို့လဲဆိုတော့ ကိုကြီးရယ်နေတာကိုပထမဦးဆုံးတွေ့ဖူးခဲ့လို့ပဲ"

နှိုင်း‌ေခတ္တခဏဝင်ခဲ့‌ေသာအတွေးတို့မှာ လွန်စွာမှားယွင်းနေခဲ့ပါသည်။မိုဝီနှင့်ရောင်စဉ်၏ဆက်ဆံရေးမှာ ညီအစ်ကိုအရင်းအချာဖြစ်နေခဲ့သလို၊ မပြေလည်ကြသည်ကိုလည်းယခုမှသာ နှိုင်းသိခဲ့ရပါသည်။

မိုဝီ့အားသံသယစိတ်ဝင်ခဲ့မိတဲ့အတွက်နှိုင်းကိုယ့်ကိုယ့်ကိုယ်ဒေါသထွက်နေရသည်။သို့သော် ဓာတ်ပုံကိစ္စကိုမိုဝီယခုအချိန်အထိ သိရှိခြင်းမရှိခဲ့သည့်အတွက်ကြောင့်သာပြောပြသမျှကိုငြိမ်ငြိမ်လေးနားထောင်ပေးနေသည်။

"မိုနဲ့ကိုကြီးနဲ့က အရင်ကတည်းကမတည့်ခဲ့ဘူး မို့ကိုမေမေကအရုပ်လေးတွေဝယ်ပေးတိုင်း မို့အရုပ်ထက်ပိုကောင်းတဲ့အရာကို ကိုကြီးကတောင်းဆိုတတ်တယ်၊တောင်းပန်တယ်ဆိုတဲ့စကားမျိုးကိုလည်း သူ့ဆီကမိုမကြားဖူးခဲ့ဘူး၊သူ‌ေပြာလိုက်တဲ့စကား သူလုပ်လိုက်တဲ့အလုပ်တစ်ခုကြောင့် တစ်ဖက်လူဘယ်လောက်ထိစိတ်ထိခိုက်သွားမလဲဆိုတာကိုလည်း သူထည့်မတွေးပေးတတ်ဘူး တခါတလေဆိုရင်‌ေလ မိုကသူ့အတွက်သူစိမ်းတစ်ယောက်လိုတောင်ခံစားရတယ်"

"ကလေးတကယ်ရောအဆင်ပြေရဲ့လားကွာ ကိုယ်စိတ်ပူတယ်ကလေးအနာတရတစ်ခုခုဖြစ်နေမှာကို ကိုယ်အရမ်းကြောက်တယ်"

သူမှလွဲ၍ _CompletedWhere stories live. Discover now