"အ..ဟုတ်သားပဲ ကိုကို့ကိုမနက်စာမကျွေးဘဲနဲ့ဆေးသောက်ခိုင်းနေတယ် ခဏလေးနော်က‌ေလးမျက်နှာသစ်ပြီးရင်မနက်စာပြင်ပေးမယ်"

ကိုယ့်နဖူးကိုယ် လက်ဖဝါးဖြင့်ရိုက်ကာ ခါးပေါ်ကလက်ကိုဖြည်ချပြီး ရေချိုးခန်းထဲသို့လှုပ်တုပ်လှုပ်တုပ်နှင့်ပြေးဝင်သွားသောကလေးလေးနောက်သို့ နှိုင်းကောက်ကောက်ပါအောင်လိုက်သွားခဲ့သည်။

ရေချိုးခန်းထဲရှိ ဘေစင်ရှေ့တွင်နှစ်ယောက်ယှဉ်ကာမတ်တပ်ရပ်နေကြသည်။မိုဝီသွားတိုက်တံတစ်ချောင်းဆွဲယူပြီး သွားတိုက်ဆေးထည့်ကာ နှိုင်းကိုအရင်ပေးလိုက်ပြီးမှ အခြားတစ်ချောင်းဖြင့်သူတိုက်‌ေနသည်။

နှစ်ယောက်စလုံးနှုတ်ခမ်းစပ်တွင်လည်း အမြှုပ်တစီစီနှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်၊သွားပြန်တိုက်လိုက်၊ရယ်ပြလိုက်နှင့် မျက်နှာတစ်ခေါက်သစ်ရန် အချိန်အတော်ကြာသွားသည်။

နှိုင်းဘေစင်မှရေကိုဖွင့်ကာ တစ်ငုံငုံလိုက်ပြီး ပလုတ်ကျင်းလိုက်သည်။ထို့နောက်မျက်နှာပြောင်စင်အောင်သစ်ပြီးကာမှ မိုဝီ့ခေါင်းလေးတစ်ချက်ပုတ်၍ ရေချိုးခန်းအပြင်သို့ထွက်သွားသည်။

"ကလေးရေချိုးလိုက်အုံးမယ်နော် ပြီးရင်မနက်စာပြင်ပေးမယ်"

"ရတယ် အေးဆေးလုပ်"

နှိုင်းကုတင်ပေါ်တွင်ပြန်ထိုင်နေချိန် ဖုန်းထဲသို့အတွင်းရေးမှူးခွန်းတေဇထံမှ message တစ်စောင်ဝင်လာသဖြင့် ဖုန်းကိုယူကြည့်လိုက်တော့...

"ကိုနှိုင်း အခုမိုဝီကိုနှိုင်းဘေးမှာရှိနေလား"

"ဟင့်အင်း မရှိဘူးဘာဖြစ်လို့လဲ"

"ကျွန်တော်ပို့လိုက်တဲ့ပုံကိုကြည့်လိုက်ပါ"

ထိုစာနှင့်အတူပုံတစ်ပုံရောက်လာသည်။ပုံထဲတွင် မိုဝီနှင့်အတူအခြားယောက်ျားလေးတစ်ယောက်လည်းပါသေးသည်။ထိုယောက်ျားလေးမှာ မိုဝီ့ပုခုံးကိုဖက်ထားပြီး နှစ်ယောက်စလုံးမျက်နှာတွင်လည်းအပြုံးတို့ဝေဆာနေ၏။

"မိုဝီ့ဘေးကတစ်ယောက်က ဘယ်သူလဲ"

"ကျွန်တော်တို့ဆုပေးပွဲတက်တုန်းက ဒုတိယဆုရတဲ့ Bring Brilliant Companyရဲ့ဒုက္ကဌရောင်စဉ်တဲ့ သူတို့ကျွန်တော်တို့ကုမ္ပဏီကို ကျော်တက်ဖို့ပြင်နေတယ်ဆိုပြီးသတင်းတွေလည်းထွက်နေတယ်"

သူမှလွဲ၍ _CompletedWhere stories live. Discover now