"ကိုနှိုင်း မိုလေးကိုခုချိန်ထိ‌ချစ်နေပေးတာ မိုလေးတော်တော်ကံကောင်းတာပဲ"

ညင်သာသောအပြုံးတစ်ခုဖြင့် နှိုင်းကိုကြည့်ကာ ကေတုပြောလိုက်တော့ နှိုင်းမှချိုသာစွာပြုံးပြပြီး....

"ကမ္ဘာတည်သရွေ့ အကိုသူ့ကိုချစ်နေမှာပါ"

လက်သူကြွယ်မှ လက်စွပ်လေးအား ပွတ်သပ်လျက် လေးနက်သောစကားတစ်ခွန်းမှာ နှိုင်းထံမှ ပွင့်အံလာခဲ့သည်။

ဘေးမှမြင်ရသူပင်စိတ်ချမ်းသာရသည်အထိ သိပ်ချစ်ခဲ့ကြသောစုံတွဲဖြစ‌်ပေသည်။နှိုင်းမှာ မိုဝီ့အားအရိပ်တကြည့်ကြည့်ဖြင့် လိုလေသေးမရှိ အကုန်ဖြည့်ဆည်းပေးခဲ့သည်။နှိုင်းချစ်ပေးသည်ထက်လည်း မိုဝီပို၍ချစ်ပေးခဲ့ရှာပါသည်။

ထိုလူသားနှစ်ယောက်ကို ကံတရားကဘာလို့ခွဲရက်လည်းဆိုတာ သူငယ်ချင်းဖြစ်သူတို့နားမလည်ပေ။

"ဒါနဲ့ ညီမလေးတို့နှစ်ယောက်ရော အိမ်ကိုဖွင့်ပြောပြီးပြီလား"

ဇူဇူးနှင့်ကေတုမဒီတွဲလာသည်မှာ ယခုဆိုလျှင်နှစ်အတော်ကြာနေခဲ့ပြီ သတင်းကောင်းလေးလည်းကြားသင့်တဲ့အချိန်တန်နေပါပြီ။

"ဟုတ်ကဲ့ ကိုနှိုင်း နောက်နှစ်လလောက်နေရင် စေ့စပ်ပွဲလုပ်ဖို့စီစဉ်ထားတယ် အဲ့အခါဖိတ်စာပို့လိုက်မယ် ကိုနှိုင်းလည်းလာခဲ့ပေါ့"

"လာရမှာပေါ့ဗျာ စိတ်ချ ၊ ငါ့ညီလူးရိပ်ကော ဘယ်လိုလဲစွံပြီလားခု"

"ပြောမနေပါနဲ့တော့ကိုနှိုင်းရယ် လူပျိုကြီးဘဝနဲ့ပဲဇီဝိန်ချုပ်တော့မယ်ထင်ပါရဲ့"

မိုဝီတွင် သူတို့သုံးယောက်ရှိသည်မှာ အတော်ပင်ဝမ်းသာဖို့ကောင်းလှသည်။နှစ်‌ေတွဘယ်‌ေလာက်ကြာကြာ အချစ်တွေကတော့ တည်မြဲနေစဲပါပဲ။ ၁၅၀၀ လည်းမဟုတ် ၅၂၈လည်းမဟုတ်တဲ့ ကြားထဲကမေတ္တာတရားမှာ ပိုလို့တောင်ခိုင်မြဲနေသည်။ပျော်ပျော်နေတတ်သောအဖွဲ့ကလေးမှာ ဖော်လည်းဖော်ရွေတတ်သဖြင့် နှိုင်းကိုပါ အစ်ကိုတစ်ယောက်ကဲ့သို့ ခင်မင်စွာ ပြောဆိုဆက်ဆံပေးကြသည်။

"ညီလေးတို့ဖုန်းနံပါတ်ကို ပြန်ပေးပါအုံး အကြောင်းရှိရင်ဆက်လို့ရအောင် အကို့ဆီမှာပျက်သွားလို့"

သူမှလွဲ၍ _CompletedUnde poveștirile trăiesc. Descoperă acum