"ဒါတော့ကျွန်တော်တို့လည်းတပ်အပ်မပြောနိုင်ဘူး သေချာတာတော့ သူကအမွှာဆိုတာပဲ"

လူးရိပ်အဖေတွေ့ခဲ့ရသော အကြောင်းအရာအား ပြန်လည်ရှင်းပြပေးပြီးနောက် နှိုင်းသိပ်ပြီးဝေခွဲမရတော့ပေ။

"ဒါဆို ဘာလို့ မျက်လုံးအောက်ကမှည့်ကပါတူနေရတာလဲ"

"အဲ့လိုတူတဲ့အမြွှာတွေရှိတယ်ကိုနှိုင်း အမြွှာမဟုတ်တဲ့လူ‌ေတွတောင် တစ်ယောက်နဲ့တစ်ယောက် မှည့်နေရာတူ‌ေနတာတွေက သိပ်မှမရှားတာ"

"လူးရိပ်ပြောတာ ဟုတ်လောက်တယ်ကိုနှိုင်း ကျွန်တော်နဲ့ကိုနှိုင်းတောင် လည်ပင်းကမှည့်အတူတူပဲလေ"

ခွန်းပြောတာလည်းမှန်ပါတယ် မှည့်လေးတွေတူတာလက်ခံပေးလို့တော့ရပါတယ်။ဒါပေမဲ့ မစိမ်းသက်တဲ့ ခံစားချက်တစ်ခုကရော ကျွန်တော့်အတွက် အလိမ်အညာသက်သက်ပဲလား။

"အကိုတို့ ကူကူးအကြောင်းစုံစမ်းကြည့်ခဲ့‌ေပမယ့်နောက်ကြောင်းတွေအကုန်ပိတ်ထားတဲ့အတွက် အကိုတို့လည်းဘာမှသိပ်ပြီးမသိလိုက်ရဘူး"

"အခုက ကျွန်တော်တို့ဆေးရုံကိုသိပြီဆိုတော့ အဲ့နေ့က ဘယ်သူတွေဆေးရုံတင်ခဲ့ရလဲဆိုတာ စုံစမ်းလို့တော့ရလောက်မယ်ထင်တယ်"

"သုံးနှစ်ကျော်ပြီဆိုတော့ အကုန်သိရမရ အကိုလည်းအာမမခံနိုင်ဘူး ဒါပေမဲ့ အကိုတတ်နိုင်သလောက်စုံစမ်းကြည့်မယ် ကိုဇော်ဏေကိုလည်း အကြောင်းကြားပြီး ထူးခြားတယ်ဆိုရင် ညီလေးတို့ကို အကိုအကျိုးအကြောင်းပြန်ပြောပြပေးမယ်"

‌သုံးယောက်စလုံး ခေါင်းညိတ်ပြသဖြင့် လက်ခံသည့်သဘောပေ။ခွန်းမှာတေ့ာ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည့်အတွက် ဝင်မစွက်ဖက်။နှိုင်းခိုင်းသည်ကိုသာ အကုန်‌လုပ်ပေးမည့်လူဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ကိုနှိုင်း"

"ကျေးဇူးတင်ရမယ့်ကိစ္စမှမဟုတ်တာ အကိုလည်းဒီကိစ္စကိုဖြေရှင်းချင်နေတာကြာပါပြီ အခုညီလေးတို့ဒီလိုလာတွေ့ပြီးပြောတာကိုပဲ အကိုကကျေးဇူးတင်ရမှာ"

"ကျွန်တော်တို့လည်း ကိုနှိုင်းပင်ပန်းမယ်ဆိုတာသိပေမယ့် အတူတူဖြေရှင်းကြမယ်ဆိုရင် ‌အဖြေ‌မြန်မြန်ပေါ်လာမယ်ထင်လို့ပါ"

သူမှလွဲ၍ _CompletedWhere stories live. Discover now