မိုဝီအိမ်ပြန်‌ေရာက်‌ေတာ့ အမေနှင့်အဖေမှာ တရားစခန်းမှ ပြန်ရောက်နေကြပြီဖြစ်သည်။အအေးပတ်မည်စိုးသဖြင့်ရေမိုးချိုးအဝတ်လဲလိုက်သည်မှာ ညနေပင်စောင်းသွားခဲ့တော့သည်။

ရွှဲရွှဲစိုနေသောဆံပင်တို့အား သဘက်ဖြင့်သုတ်ရင်း ဖုန်းတွင်စာရိုက်ကာ နှိုင်းဆီသို့စာတစ်စောင်ပို့လိုက်သည်။

"တောင်"

တစ်နေ့လုံး တောင့်တောင့်ကြီးမတ်တပ်ရပ်ထားရသဖြင့် ခါးတွေနာလာသောကြောင့် အိပ်ရာထက်တွင်လှဲနေရင်း ဝင်လာသော massage အားဖတ်ရန် ဘေးခုံတွင်တင်ထားသောဖုန်းကိုလှမ်းယူလိုက်သည်။

"ကိုနှိုင်း အဆင်ပြေရဲ့လား ဒီနေ့တော်တော်ညောင်းသွားမှာပဲ"

ဒီကလေးလေးစိတ်ပူပေးရှာသားပဲ။ မပူလို့လည်းရမှမရတော့တာ ငါကမို့ရဲ့ မူပိုင်ရှင်ဖြစ်သွားပြီလေ။

ဘယ်လက်နှင့်စာရိုက်ရသည်မှာမလွယ်ကူသည်မို့ စိတ်မရှည်တော့ပဲ ဖုန်းသာလှမ်းခေါ်လိုက်သည်။

ဖုန်းဝင်လာပြီ..ဘယ်လိုလုပ်ရမလဲ..ကိုင်လိုက်ရမှာလား မကိုင်ပဲနေရမလား အား မိုဝီ ဟေ့ကောင် မင်းရှက်နေလို့မရဘူး ချစ်သူတွေဖြစ်နေပြီကွ အဲ့တာမင်းကောင်လေးဖုန်းကိုင်ရမယ်။

တစ်ယောက်တည်းစကားတွေပြောကာ စက္ကန့်ပိုင်းမျှတွေဝေနေပြီးနောက် ဖုန်းကိုင်ရန်ဆုံးဖြတ်လိုက်သည်။

"ဟယ်လို မို ကိုယ့်လက်ကစာရိုက်ရတာအဆင်မပြေလို့ ဖုန်းခေါ်လိုက်တာ ပြောလို့အဆင်ပြေရဲ့လား အဆင်မပြေရင်ချလိုက်မယ်လေ"

"မချနဲ့..မချနဲ့ ရတယ် ကိုနှိုင်းကိုဆေးသောက်အိပ်ဖို့ပြောမလို့ တစ်နေ့လုံးမတ်တပ်ပဲရပ်‌ေနရတာဆိုတော့ ပင်ပန်း‌ေနမှာပဲ အေးဆေးနားနော် မနက်ဖြန် မိုတို့မလည်ဘူးသိလား ကျန်တဲ့ကောင်တွေက‌ နေပြင်းတော့အသားမည်းမှာစိုးလို့တစ်ရက်ပဲလည်မယ်တဲ့ ကျွန်တော်လည်းဘယ်မှမသွားတော့ပဲနားလိုက်တော့မယ်"

နောက်ထပ်တစ်ရက်သာ နှိုင်းလည်းလိုက်မည်ဆိုလျှင် အသက်ပါထွက်သွားနိုင်သည်။ မဟုတ်တောင် ခု‌ေခြ‌ေထာက်ကိုက်လို့ အိပ်ရာထဲလဲ‌ှ‌ေနရပြီ။

သူမှလွဲ၍ _CompletedWhere stories live. Discover now