ဟိုနှစ်ယောက်ကလည်း သိသိရက်နဲ့ သူ့ရှေ့ဆိုပိုပြီးကြည်နူးပြကြသည်။ကျွန်တော်လည်း သူတို့နောက်လိုက်တက်မည်အလုပ် နှိုင်း ကျွန်တော့်လက်ကိုလှမ်းဆွဲလိုက်သည်။

"မို ကိုယ်လည်းအနောက်မှာမိုနဲ့အတူတူနေချင်တယ်"

"လက်တစ်ဖက်ထဲကိုင်ပြီးစီးရင် ပြုတ်ကျမှာပေါ့"

"မပြုတ်ကျအောင်လို့ မိုက ထိန်းပေးထားရင်ရတာပဲဟာ"

တားမရသည့်အဆုံး အနောက်တွင်တင်ခေါ်လိုက်ရသောကြောင့် မျောက်အုန်းသီးရသောရုပ်ဖြင့် ကျွန်တော့်အနားတွင် မိန့်မိန့်ကြီးရပ်နေသည်။

လမ်းတစ်လျှောက်ရှိ မဏ္ဍပ်များမှ ပက်ဖြန်းသောရေတို့အား နေမထိ၊လေမထိ မိုးကျရွှေကိုယ် နှိုင်းကတော့ ခံနိုင်သည့်ပုံမပေါ် မေးများပင် တခိုက်ခိုက်တုန်နေသည်။ မဏ္ဍပ်တစ်ခုနှင့်တစ်ခုသွားလာနေစဉ် လေဒဏ်များလည်းခံရသဖြင့် နှိုင်းမျက်နှာမှာ ဆီးစေ့လောက်သာရှိတော့သည်။

မိုဝီလည်းမကြည့်ရက်‌သဖြင့် မီးပွိုင့်မိနေစဉ်ပါလာသောသဘက် ထူထူတစ်ထည်အား ခြေဖျားကလေးထောက်ကာ လွှမ်းခြုံပေးလိုက်တော့ မိုဝီ့ပုခုံးကိုဆွဲကိုင်ကာ ကျောပြင်အားရင်ခွင်ထဲသို့အပ်ထားလိုက်ပြီး အနွေးဓာတ်တို့ကူးယူစေသည်။

ကေတုနှင့်ဇူဇူး သဘက်တစ်ထည်ကိုနှစ်ယောက်ခေါင်းမီးြခုံကာ နှစ်ယောက်တည်းကမ္ဘာဖြစ်နေသည်ကို လူးရိပ်မကြည့်ချင်သဖြင့် ကားကိုနောက်ပြန်ထိုင်ကာကျောပေး၍လိုက်ပါလာခဲ့သည်။

ပက်ဖြန်းလာသောရေတို့မှာအေးသော်လည်း သူ့အနွေးဓာတ်ကိုတော့မလွန်ဆန်နိုင်။လက်ကိုဖိမိမည်စိုးသဖြင့် ကပ်မနေပဲ နည်းနည်းခွာကာတစ်လမ်းလုံးစီးလာခဲ့သည်။လက်ကျိုးထားသော်လည်း ခန္ဓာကိုယ်မှာယိုင်နဲ့ခြင်းပင်မရှိ ကျန်လက်တစ်ဖက်ဖြင့်ကားဘောင်ကိုထိန်းကိုင်ကာ တံတိုင်းသဖွယ်ကာကွယ်ပေးလျက်။

တစ်မြို့လုံးပတ်၍ ရေပက်ခံပြီးကာမှ နှိုင်းအားအိမ်‌ေရှ့တွင်ချထား‌ေပးခဲ့ပြီး လက်ပြနှုတ်ဆက်ကာ အိမ်သို့တန်းတန်းမတ်မတ်ပြန်လာခဲ့သည်။

သူမှလွဲ၍ _CompletedWhere stories live. Discover now