"ကိုကိုစောင့်နေရတာကြာသွားပြီလား အော် ဒါနဲ့အစ်မတို့ကဘကိစ္စရှိလို့လဲ မြှူစွယ်တာဆိုရင်‌ေတာ့ ကျွန်တော့်ကိုကိုကမကြိုက်ဘူးနော် နောက်တစ်ခုရှိသေးတယ် အဝတ်အစားကိုလုံလုံခြုံခြုံဝတ်ပါအစ်မရယ်‌မြင်ရတာမသင့်တော်လို့ ပြီးတော့လေ ကိုကို့ကို ကျွန်တော်ပိုင်တာဆိုတော့ စိတ်အနှောင့်အယှက်မပေးရင် ကောင်းမယ်ထင်တယ်နော်"

နှုတ်ခမ်းကလေးတွန့်ကာ ပြောလိုက်တာကြောင့် ဂျယ်လီနင်ကာဆောင့်အောင့်၍ထွက်သွားရရှာသည်။ နှိုင်းကတော့ အလယ်မှာ ပြုံးစိစိနဲ့သဘောကျနေလေရဲ့။

"ခုနက ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲ ကိုကိုဆိုပြီးကြားလိုက်သလိုပဲနော်"

ကိုင်ထားသောလက်ကိုဖြုတ်လိုက်ပြီး စောနကသူမဟုတ်‌သလိုလိုနှင့် လက်ပိုက်ကာပြန်ရပ်နေသည်။

"ခေါ်မိလို့လား မခေါ်ပါဘူး"

"ရပါတယ်နားကြားမှားတယ်လို့ပဲထားလိုက်ပါတော့ကိစ္စမရှိပါဘူး နောက်ကျရင်လည်းဒီလိုပဲဖြစ်သွားမှာပဲဟာ အတွေ့အကြုံရသွားတာပေါ့"

သဝန်တိုရင်တိုတယ်မပြောဘူး ဒီကောင်လေးကတော့လေ။ မို ဒီလိုမပြောလိုက်ရင်တောင် ကျွန်တော်ကပိုင်ရှင်ရှိတယ်ဆိုတာပြောမလို့လုပ်နေတာကို သူကအရင်ဦးသွားတယ်။

အစကတော့ ကံကြမ္မာအလိုကျ မို့ကိုချစ်ခဲ့ရတယ်ထင်ခဲ့တာ ဒါပေမယ့်အချိန်တွေကသက်သေပြလာတယ် နှလုံးသားမှာ မိုဆိုတဲ့သံမှိုကလေးတစ်ခု စွဲစွဲထင်အောင် ငြိတွယ်နေခဲ့ပြီဆိုတာ။

"မိုဝီ.. ငါတို့နောက်တစ်နေရာသွားကြမယ် ကားပေါ်တက်"

နှုတ်ခမ်းတွင် အုန်းသီးဖတ်ကပ်ကာ ပေတိပေစုတ်ရုပ်နှင့် ကားပေါ်တက်ရန် လာပြောသောကေတုအား တစ်ရှူးဖြင့်နှုတ်ခမ်းကိုလိုက်သုတ်ပေးနေသည်မှာဇူဇူး။ရည်းစားသက်တမ်းငါးလပြည့်ထားသည်မှာ ပူပူနွေးနွေးပင်ရှိသေးသော ထိုနှစ်ယောက်ကို မှင်သေသေနှင့် လူးရိပ်တစ်ယောက်စိုက်ကြည့်နေလေရဲ့။

ကျွန်တော်တို့ငါးယောက်မှာ ကျွန်တော်နဲ့ကိုနှိုင်းကတစ်တွဲ၊‌ေကတုနဲ့ဇူဇူးကတစ်တွဲဖြစ်နေသဖြင့် ငါးဘီးမြောက်လူးရိပ်ကတော့ သနားစရာပင်။လူးရိပ်အမြင်ကပ်ကပ်နှင့် လက်တွင်ကိုင်ထားသော ဖော့ဘူးထဲမှ မုန့်လုံးရေပေါ်တစ်လုံးပြီးတစ်လုံး ပါးစပ်ထဲသို့ထိုးထည့်ကာ မျက်စောင်းထိုး၍ ကားပေါ်သို့တက်သွားသည်။

သူမှလွဲ၍ _CompletedWhere stories live. Discover now