တစ်မိုးအောက်မှာတစ်ယောက်တည်းရှိသော မိုဆိုတဲ့အချစ်ဦးကလေးကြောင့် ဒီလူမှာတစ်နုံ့နုံ့နဲ့ခံစားနေရသည်။တစ်နေ့လုံးစောင့်နေသော်လည်း မျှော်နေသူမှာ‌ေတာ့ရောက်မလာခဲ့ပါ။
_______________________

စားသောက်ဆိုင်၏‌ေထာင့်တစ်နေရာတွင် မိုဝီတို့သူငယ်ချင်းတစ်စု မာလာရှမ်းကောထိုင်စား‌ေနကြသည်။

"မိုဝီ...နင်အခုတလောမလန်းသလိုပဲ ဘာစိတ်ညစ်စရာရှိလို့လဲ"

ကေတစ်ယောက် ပန်းကန်ထဲသို့ခေါက်ဆွဲဖတ်များရွေးထည့်ရင်း တမှိုင်မှိုင်တတွေတွေနှင့် အအေးခွက်ကိုသာမွှေနေသောမိုဝီ့အား မေးငေါ့ကာမေးလိုက်သည်။

"အမှန်တော့ငါနင်တို့ကိုမေးချင်နေတာတစ်ခုရှိတယ်"

"မေးချင်တာများ မေးလိုက်တာမဟုတ်ဘူး ဘာတွေစဉ်းစားနေတာလဲ ငါတို့ဖြေပေးမှာပေါ့"

"အေးလေ"

ပါးစပ်ထဲသို့ထမင်းတစ်ဇွန်းထည့်ကာ ဇူဇူး ဝူးတူးဝါးတားနှင့်‌ဝင်ပြောသည်ကို အပ်မှိုရွေးပြီးရှာစားနေသော လူးရိပ်မှ သံယောင်လိုက်ကာပြောသည်။

"ယောက်ျားလေးတစ်ယောက်က တခြားယောက်ျားလေးတစ်ယောက်ကို ချစ်တယ်ဆိုတာဖြစ်သင့်လား"

အသံခပ်တိုးတိုးဖြင့် မဝင့်မရဲထုတ်‌ေပြာရှာသောမိုဝီအား သုံးယောက်သားစားသောက်နေသည်ကိုရပ်ကာ ငြိမ်ငြိမ်ကလေးထိုင်နားထောင်ပေးကြသည်။

အစားအသောက်သည်သာ ပထမဖြစ်သောအဖွဲ့မှာ ရင်တွင်းခံစားချက်များဆွေးနွေးကြသည့်အခါတိုင်း မည့်သည့်အရာစားနေစားနေ ချက်ချင်းရပ်ကာနားထောင်ပေးသောထုံးစံရှိသည်။အစားနှင့်သူငယ်ချင်းဆိုလျှင် သူငယ်ချင်းကိုသာ ပထမဦးစားပေး‌ေနရာတွင်ထားလေ့ရှိသောကြောင့် မိုဝီ့မှာထိုသံုး‌ေယာက်ကိုခင်မင်နေရခြင်းပင်။

"အဲ့အရာတွေကအရေးမကြီးပါဘူး တကယ်ချစ်ဖို့ပဲအရေးကြီးတာပါ နင်သူ့ကိုယောက်ျားလေးလို့ရော၊မိန်းကလေးလို့ရောမသတ်မှတ်နဲ့ သူ့ကိုနင်ချစ်တဲ့လူတစ်ယောက်လို့ပဲစဉ်းစားကြည့် လိုက်ရင် အကုန်အဆင်ပြေသွားလိမ့်မယ်"

သူမှလွဲ၍ _CompletedWhere stories live. Discover now