မချိုမချဉ်နှင့်ပြုံးပြကာ ပြောင်‌ေချာ်‌ေချာ်လုပ်‌ေနသည်။နှိုင်းလည်း သူနဲ့ကျမှမကြုံဖူးတာတွေကြုံရလို့ ရယ်ရအခက်၊ငိုရအခက်။

လမ်းက ကလေးတွေကျွေးမည်ဟူသော ဘိန်းမုန့်ထုပ်မှာ နောက်ဆုံးတော့ နှိုင်းအတွက်ကိတ်မုန့်ဖြစ်နေခဲ့သည်။

မွေးနေ့လုပ်ပေးတာကိုကျေးဇူးတင်ပေမယ့် ကိတ်ကအရမ်းလှလွန်းလို့ မျက်ရည်တွေတောင်ကျလာပြီ။

"Sprite တိုက်ဖို့ဆိုပြီးရှာဝယ်သေးတယ် မတွေ့ခဲ့ဘူး စပါကလင်ပဲရလာတယ် ခုံပေါ်မှာတင်ပေးထားတယ် ဘိန်းမုန့်စားရင်း နင်တဲ့အခါသောက်ဖို့"

စားပွဲပေါ်တွင်ရှိသော စပါကလင်ဘူးအားငေးလျက် နှိုင်းမှာဘာဆိုဘာမှပြန်မပြောနိုင်။23နှစ်တာကာလမှာ ပထမဆုံးအကြိမ် စွံ့အ သွားရခြင်းပင်။

"ဖယောင်းတိုင်မီးမှုတ်အုံးလေ ကိုင်ရတာညောင်းလာပြီ"

"အော်...အင်း"

မိုဝီ့အသံကြောင့် သတိပြန်ဝင်သွားကာ မျက်နှာနားသို့လာထိုးပေးသော ဘိန်းမုန့်ကိတ်နှင့်ဖယောင်းတိုင်ရှေ့တွင် လက်နှစ်ဖက်ပူး၍မျက်စိစုံမှိတ်ကာ ဆုတောင်းနေသည်။သေချာစဉ်းစားကြည့်လျှင်လည်း မွေးနေ့ကိတ်အဖြစ်သတ်မှတ်လို့တော့ရပါသေးသည်။

အရှင်ဘုရား 23နှစ်ပြည့်မွေးနေ့အတွက် ဆုလေးတစ်ခုတောင်းချင်ပါတယ် ဒီနေ့ဒီအချိန်ကနေစပြီး ကျွန်တော့်ရှေ့မှာရပ်နေတဲ့ကောင်လေး ကျွန်တော့်ကိုပြန်ချစ်လာပါစေ။

ဆု‌ေတာင်းပြီးကာမှ မျက်လုံးဖွင့်ကာ ဖယောင်းတိုင်မီးမှုတ်လိုက်သည်။

"ကြာလိုက်တာ...ဘာတွေဆုတောင်းနေတာလဲ"

"ကိုယ်တောင်းတဲ့ဆုကို သူများပြောပြလိုက်ရင် အဲ့ဆုကမပြည့်တော့ဘူး ဒါကြောင့်မပြောပြဘူး"

ခါးကိုင်း၍ပြောနေရာမှ မတ်မတ်ပြန်ရပ်လိုက်သည်။အတော်ပင်ညောင်းနေပြီ။အရပ်ကွာနေသောကြောင့် စကားပြောတဲ့အခါ ခေါင်းငုံ့ပြီးပြောရင်လည်း ဇက်ကြောတက်သည်။‌ဒူးကွေးပြီးပြောပြန်ရင်လည်း ‌ရှိုးကပဲ့အံုးမည်။ထို့ကြောင့်ခါးကိုင်း၍သာ ပြောနေရသည်။

သူမှလွဲ၍ _CompletedWhere stories live. Discover now