Suprise Extra

7.5K 402 24
                                    

Unicode

2020, နွေရာသီ

ရှိုင်းရော သူပါ အသက်သုံးဆယ်ပြည့်ဖို့ တစ်နှစ်အလို လူလတ်ပိုင်းအရွယ်ကို ဖြတ်သန်းစကာလ။ ဒီနှစ်တွေမှာ မေလည်းပိုကျန်းမာလာခဲ့သလို ရှိုင်းနဲ့လက်ထပ်ပြီး အေးချမ်းစွာ နေရလေပြီ။

အဟွတ်..အဟွတ်..

တစ်နှစ်တစ်ခါ သွားဖြစ်တဲ့ နိုင်ငံခြားခရီးစဥ်မှာ အခုခေါ်လာတာက အာဖရိကတောင်ပိုင်းတဲ့။ ငတ်မွတ်ခေါင်းပါးမှုတွေရှိတယ်ဆိုလို့ စေတနာ့ဝန်ထမ်းအုပ်စုနဲ့အတူ သူတို့လိုက်လာခဲ့တာ.. ပူအိုက်သည့်အပြင် နေရာတကာ တွေ့ရတဲ့ဖုန်အလုံးလုံးက အသက်ရှူတိုင်း အစုအပြုံဝင်လာတတ်တာမို့ အခုတော့ချောင်းဆိုးပြီ။ ထမင်းထုပ်တွေ အားကြိုးမာန်တက်ထုပ်နေတဲ့ရှိုင်းကိုကြည့်ပြီး မျက်စောင်းလှလှထိုးလိုက်ပါရဲ့။ ပင်ပန်းပါမယ်ဆိုပြီး ချောင်တစ်ချောင်မှာ ထားခဲ့ကာ သူကအလုပ်သွားလုပ်ကူတော့ ကိုယ့်မှာ ငန်းဖြူလေးတွေကြားရောက်တဲ့ဘဲကြီးလို.. အလိုက်မသိဘဲ တလောကလုံးကိုယ့်လုပ်စာထိုင်စားရတဲ့ပုံစံနဲ့ မျက်နှာပြောင်တိုက်ပြီး နေ​နေရသည်။

ဘုန်း...

ကိုယ်တော်ချောကိုကြည့်ပြီး အတွေးလွန်နေစဥ် ဘေးမှာ ကလေးတစ်ယောက်ချော်လဲတာကြောင့် ပြေးထူလိုက်သည်။ ဆံပင်ကောက်ကောက်၊ မဲနက်တဲ့အသားအရည်ရှိသည့် အာဖရိကန်ကလေးငယ်မလေး...။ ဆွဲထူတာတောင် မထနိုင်တာမို့ အတော်အားပျက်နေပုံရသည်။ မေ ထိုင်နေတဲ့နေရာကို ပွေ့ချီလာပြီး ရေတိုက်လိုက်သည်။ ထိုအခါမှ မျက်လုံးလေးပွင့်လာကာ ရေကို အငမ်းမရယူသောက်သည်။ အိတ်ထဲပါလာသည့် ပေါင်မုန့်လေးကို ဖဲ့ကျွေးတော့လည်း အားရပါးရစားပြန်သည်။ ဒါကို တင်းတိမ်ပုံမရသေး....ထိုကလေးမလေးက သူ့အင်္ကျီကိုလှန်ပြတော့ ချိုင့်ဝင်နေသည့် အရိုးငေါငေါတွေ။ မေ ကြည့်ရင်း မျက်ရည်တွေပင်ကျလာသည်။

ရှိုင်းကတော့ သူ့ကိစ္စသူလုပ်နေတာကြောင့် ​​မေ့ကိုပင် အာရုံမရသေး.. စီတန်းယူနေတဲ့ အရွယ်အမျိုးမျိုးလူတွေဆီမှ အပြုံးက အေးချမ်းလွန်းသည်။ ဘာသာစကားနားမလည်သော်လည်း ကျေးဇူးတင်မှုကိုဖော်ပြနေတဲ့ အပြုံးတွေကိုခဏတာငေးမောနေမိသည်။ အားအတော်ပျက်နေပုံရတဲ့ကလေးငယ်က မေ့ဘေးမှာပင် ခွေခွေလေးအိပ်ပျော်နေရှာပြီ။

နင်စေရင် Where stories live. Discover now