Part 7 (အနိုင်မယူသူရဲ့အပြုံး)

5K 385 12
                                    

Unicode

သူသာပျော်ရွှင်ရမယ်ဆိုရင်

ကျွန်တော့်နှလုံးသားကြေမွသွားလည်း
ဖြစ်တယ်။
ကျွန်တော့်ကိုချနင်းသွားလည်းကျေနပ်နိုင်တယ်။

ဘာလို့လဲလို့မေးရင်
သူ့ပျော်ရွှင်မှုက ကျွန်တော်ရဲ့ပျော်ရွင်မှုပဲလေ

************************************************

အခန်းထဲ မပြောမဆို ဗြုန်းစားကြီး ဝင်လာပြီး ကုတင်ထောင့်လေးမှာထိုင်ကာ အသံမထွက်ဘဲ ရှိုက်ငိုနေတဲ့ကောင်မလေးကိုကြည့်ပြီး ရှိုင်းတစ်ယောက် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရှာသည်။ ဘာဖြစ်မှန်းမသိပေမယ့် အလွန်ဝမ်းနည်းသည့်ပုံ ပေါက်နေသည့် ဒီကောင်မလေးကို သူ ဘယ္လို နှစ်သိမ့်ရမည် မသိ။

အတန်ကြာမှ ထိုကောင်မလေးဆီက

" ရှိုင်း နင် ချစ်ဖူးလားဟင် "

" မေဘာကိုပြောချင်တာလဲ။ ခ်စ္တာ ဟုတ္လား "

" ဟုတ်တယ်... ငါလေ တစ်ယောက်ယောက်ကို ချစ်မိနေပြီထင်တယ်။ သူ့အကြောင်းတွေးရင် ပျော်လာတယ်။ သူ့ကိုမြင်နေရရင် စိတ်ချမ်းသာလာတယ်။ သူ့အသံလေးကြားနေရရင် ဝမ်းသာလာတယ်။ ဒါပေမယ့် သူက.. ဟင့် "

စကားပြောနေရင်းနှင့် ဆက်မပြောနိုင်ဘဲ ရှိုက်သက်လာသောသူမ။ ပြောမထွက်နိုင်လောက်အောင်အထိ ဘယ္လိုမ်ား ခံစားနေရလို့လဲကွာ။ ရှိုင်းလည်း မေမြတ်သူ အနားကိုသွားလိုက်ပြီး ကျောလေးကို အသာပုတ်ပေးကာ

" မေ ခ်စ္တာကို သူကမသိဘူးလား "

" ဟင့်အင်း ရှိုင်း သူကေလ.. သူက မိန်းကလေးတစ်ယောက်ဟ။ ငါ့စိတ္ကိုငါ မယုံနိုင်သေးဘူး။ ငါကြိုက်တာက မိန်းကလေးတဲ့ ဖြစ်နိုင်လို့လားဟာ။ ချစ်တာမျိုးမဟုတ်ဘဲ သူငယ်ချင်းမို့လို့ အရမ်းခင်တွယ်မိသွားတာ များလားဟင် "

"......."

နှစ်သိမ့်ချင်ပေမယ့် သူမငိုအောင် လုပ်ပေးချင်ပေမယ့် ကြားလာရသည့် စကားတွေကြောင့် သူ့လည်ချောင်းထဲမှာသာ စကားလုံးတို့ နှစ်မြုပ်၍ ထွက်ကျမလာနိုင်။ ရှိုင်းထံမှ အတော်ကြာသည်အထိ စကားသံတို့ ပျောက်ဆုံးနေလေသည်။

နင်စေရင် Donde viven las historias. Descúbrelo ahora