Part 26 ( threesome)

4.3K 322 12
                                    

Unicode

ကိုယ်က ငေးကြည့်ခြင်းတွေမှာပဲ
ကံပါခဲ့တာထင်တယ်..

ငါက မင်းအပြုံးလေး ခိုးငေးတော့
မင်းက သူ့လက်လေး လှမ်းတွဲတယ် ။ ။

ဂုဏ်ယူပါတယ်....မင်းတို့က တကယ်လည်းလိုက်ဖက်ကြတယ် ။

ရင်တွေလည်း နာရတယ်.....
တကယ်လည်း ငိုရပါတယ်.....

**********************

တစ်ရက်မှတောင် မမေ့ဘူး အချစ်ရဲ့
စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဒီခြေလှမ်းတွေကို ရန့်တန့်ထားတာ...
ပိုင်ဆိုင်ဖို့ အတ္တမထားခဲ့လို့ လက်လွှတ်ပေးခဲ့တာ....
အမြဲတမ်းပြုံးနေပါ...သွားတက်လေးနဲ့မင်းက
အပြုံးလေးနဲ့ သိပ်လိုက်ဖက်တာ....

ယှဥ်ပြီးရွေးချယ်စရာတွေ ရှိလာတဲ့အခါ
လိုချင်တာထက် လိုအပ်တာကို ရွေးချယ်မိတယ်..
နောင်တရလားဆိုတော့လည်းမရပါဘူး....
ကိုယ့်နာကျင်ရပေမဲ့ ကိုယ်ချစ်တဲ့သူတွေ ပျော်နေတာမြင်ရတယ်လေ....

ရှိုင်းနဲ့ မြတ်သူက မိဘတွေပါ သဘောတူပြီးသားဆိုတော့ အရင်လိုအေးစက်မနေကြပဲ လူရှေ့သူရှေ့လည်း ကြင်နာပြတတ်သည် ။
ကိုယ့်ရှေ့မှာ လက်လေးတွဲသွားတာကအစ၊ ခေါင်းလေးပုတ်ပေးတာကအစ၊ ပါးလေးဆွဲလိုက်တာကအစ ကိုယ်နာကျင်ရသည်။ သူတို့သာ ဖွင့်မပြောပြခဲ့ရင် ကိုယ်ဒီလို နာကျင်နေရပါ့မလား.......

အရင်က မျက်နှာလေးပဲဖြစ်ဖြစ် မြင်ချင်လွန်းလို့ အမြဲတမ်းကပ်တွယ်နေမိတဲ့ ရှိုင်းကို အခုတော့ မျက်နှာချင်းတောင်မဆိုင်ရဲတော့ပါ..
သူ့မျက်နှာမြင်တိုင်း ရင်ဘတ်ရဲ့ ဘယ်ဘက်အခြမ်းက ထိုးအောင့်လာလို့...
သူသိပါသည်..ကိုယ်ချစ်တာသူသိသည်။
မသိချင်ယောင် ဆောင်ခဲ့ခြင်းသာ...

မေ့ပစ်ရမည်.....
ကိုယ်ချစ်ရတဲ့သူကို..သို့မဟုတ် ကိုယ်ချစ်ရသူရဲ့ ချစ်ရသူကို....

သူတို့ 2nd yr ဖွင့်လို့ ကျောင်းသွားတက်မှပဲ ကိုယ့်ရဲ့ ရှောင်ပြေးခြင်းဝဋ်က လွတ်တော့သည် ။

သူပျော်ပါစေ.....
ကိုယ်မဟုတ်တဲ့ အခြားသူရင်ခွင်မှာ..

**********************

" မြတ်လေး...မနက်ဖြန် ငါတို့ 1yr ani ''

" wow....အဲ့လောက်တောင်ရှိသွားပြီ ။ လာကြွားတာပေါ့ ။ အချိန်အဲ့လောက်ကြာသွားပြီမှန်းမသိလိုက်ဘူးနော်..''

နင်စေရင် Where stories live. Discover now