💕Thank a lot 💕

3.9K 295 78
                                    

ပြောချင်တာတော့ အများကြီးပဲ တကယ်ချရေးတော့ ဘယ်က စရမှန်းကိုမသိဘူး...

ပထမဆုံး fiction ဖြစ်တာကြောင့်လိုအပ်ချက်တွေ အများကြီးရှိပါတယ်...
Followers ၂ ယောက်နဲ့ စရေးဖြစ်တဲ့ နင်စေရင်လေးက ပထမတုန်းကဆို ရေးတဲ့သူရော ဖတ်တဲ့သူရော ကိုယ်တစ်ယောက်ထဲပါ...
နောက် viewer တွေ များလာတာကြောင့် ကိုယ်အစွမ်းကုန် အားထုတ်ပြီးရေးခဲ့ရတာပါ။

နင်စေရင် ဆိုတာလေးမှာ တကယ့်အကြောင်းအရာ အစစ်အမှန်တွေကို အခြေတည်ပြီး စာရေးသူရဲ့ စိတ်ကူးလေးတွေနဲ့ ချဲ့ကားထားရုံပါ...

ပထမဆုံး ရှိုင်းပေါ့...

ရှိုင်းမွန်လတ်ဆိုတဲ့ ဇာတ်ကောင်လေးကို ဖန်တီးဖြစ်တာက ကိုယ့်ကိုကိုယ် အခြေခံပြီးပေါ့..ကိုယ်က ရှိုင်းနဲ့ type တူတယ်...
Food blogger က ကိုယ်ဖြစ်ချင်တဲ့ အိမ်မက်တစ်ခု.. မြန်မာနိုင်ငံက ဒါတွေ သိပ်မတွင်ကျယ်သေးတော့ အိမ်မက်လေးကို စာတွေအဖြစ်ပုံဖော်ဖြစ်တယ်.....

နောက် မေမြတ်သူလေး....

သူ့ character ကို သိပ်ကြိုက်တယ်..
ပေးဆပ်ပြီးချစ်တဲ့ အချစ်မျိုးက တခါတလေ နာကျင်ရတယ်လေ...
ဒါပေမဲ့ အရမ်းချစ်လို့ ကျေနပ်ပါတယ်ပေါ့...
မေ့လို ရောဂါရှိတဲ့သူတွေဟာ အများအားဖြင့် စိတ်အားငယ်တတ်ကြတယ်..သူတို့ကို အားပေးဖို့ တကယ်လိုအပ်ပါတယ် ။
မေက သူ့ကို အားနည်းသူတစ်ယောက်အဖြစ်မမြင်အောင် ငယ်ငယ်လေးနဲ့ ကိုယ်ပိုင်စီးပွားရေးမှာ အားစိုက်ပြီး ကြိုးစားခဲ့တာ..
အပြင်မှာမာတယ်ထင်ရပေမဲ့ အတွင်းက နူးညံ့နေတာလေးကို ဖုံးကွယ်ဖို့ ဖန်တီးယူခဲ့တာပဲပေါ့...

ပုလဲဖြူ...

အားလုံးကတော့ သူ့ကို စစချင်းမှာ ဗီလိန်လို့ ထင်ကြမှာပေါ့...
တကယ်က သူက ဖြူစင်တဲ့ မေတ္တာနဲ့ အဆုံးထိ ချစ်ပေးခဲ့တာပါ...
သွေးသားနဲ့ အချစ်မှာ သွေးသားကို ရွေးချယ်ခဲ့တာပေါ့.....

အေးအိမ့်သူ...

လက်တွေ့မှာ အချစ်ဦးနဲ့ ညားတဲ့ကံက ဘယ်လောက်ကောင်းတယ်မှတ်လဲ...
အိမ့်လေးက တကယ်ကံကောင်းသူလေးပါ...
မြတ်သူက သူ့ကို ချစ်ခဲ့တာမဟုတ်ပါဘူး
ရင်ခုန်ရုံ သက်သက်ပါပဲ...
Les တစ်ယောက်ဖြစ်ဖို့ အကြောင်းဖန်လာတဲ့ မေ့စိတ်ကို စွဲကိုင်ဖို့ အိမ့်လေးရဲ့ ဇာတ်ကောင်ကို ထည့်ရေးခဲ့တာပါ..
ကျနော့ လိုအပ်ချက်တွေကြောင့် သိပ်မပြည့်စုံဘူး ဖြစ်သွားတယ် ။

နင်စေရင် Where stories live. Discover now